ဆန္ဒဖော်ထုတ်ရာတွင် ‘တ ရားဥပဒေစိုးမိုးရေး၊ ကလေးသူ ငယ်ဘ၀လုံခြုံမှုရရှိရေး၊ (၁၂) နှစ် အောက်သက်ငယ်မုဒိမ်းမှုကျူး လွန်သူအား သေဒဏ်ဥပဒေအ ဖြစ် အတည်ပြုပေးရေး’ဟူသည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင် ကာ ကြွေးကြော်ခဲ့သည်။
‘‘ဗစ်တိုးရီးယားလေးအ တွက်ပဲ သီးသန့်မဟုတ်ဘူး။ ဖြစ် နေတာက မြိတ်မှာလည်း အများ ကြီးဖြစ်နေတယ်။ အဲဒီလိုအမှုတွေ အတွက် ထောင်ဒဏ်နှစ်(၂၀) သတ်မှတ်ထားပေမယ့် တရားရုံး တွေက ခုနစ်နှစ်၊ ရှစ်နှစ်ပဲချလိုက် တာတွေရှိတယ်။ ဗစ်တိုးရီးယား လေးအပါအ၀င် မြိတ်မှာရှိတဲ့ ကလေးတွေထပ်မဖြစ်ရအောင် ပြုလုပ်ခြင်းဖြစ်တယ်’’ ဟု ဆန္ဒ ဖော်ထုတ်ပွဲတွင် ဦးဆောင်ပါဝင် ခဲ့သည့်မြိတ်ဒေသခံဒေါ်ရှင်ဌေးက ရှင်းပြသည်။
ထို့အပြင် သက်ငယ်မုဒိမ်းမှု များဖြစ်ပွားပါက သက်ဆိုင်ရာ တာဝန်ရှိဌာနများသည် အမှု ကိစ္စများဆောင်ရွက်ရာတွင် ထိ ရောက်စွာတုံ့ပြန်ရမည့်အစား အ လုပ်မလုပ်လိုသည်ကိုတွေ့ကြုံရ ကြောင်း ၎င်းကဆိုသည်။
ဇူလိုင် ၁၀ ရက်ကလည်း ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက် ရေး၊ ဗစ်တိုးရီးယားကဲ့သို့အမှုများ ထပ်မံမပေါ်ပေါက်ရေး ဆန္ဒဖော် ထုတ်မှုကို ထားဝယ်မြို့တွင် လူ ဦးရေ ၃၀၀ ခန့်ပါဝင်ကာ ဆန္ဒ ဖော်ထုတ်ခဲ့သည်။
မြိတ်နှင့်ထားဝယ်တွင် ပြု လုပ်သည့် ဆန္ဒဖော်ထုတ်ပွဲများ၌ မြို့ခံမိဘများ၊ ကလေးသူငယ် များ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် လူငယ်အများစုပါဝင်ခဲ့ သည်။ လက်ရှိတွင် ဗစ်တိုးရီးယား အမှုအမှန်တရားပေါ်ပေါက်ရေး ဆန္ဒဖော်ထုတ်ပွဲများကို ပြည်သူ လူထုက ဦးဆောင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ ၀င် တစ်နိုင်ငံလုံးရှိ မြို့ကြီးများ၌ ပြုလုပ်နေသည်။
No comments:
Post a Comment