ယင်းသိပ္ပံပညာရှင်များက မြို့တော်အားလုံးနှင့် လူဦးရေတစ် သန်းကျော်ရှိသော မြို့ပြစင်တာ အများစု အပါအဝင် ကမ္ဘာတစ် ဝန်းရှိ မြို့ပေါင်း ၅၂၀ ကို လေ့လာ ခဲ့ကြသည်။
မိုးရေချိန်ရရှိမှုနှင့် ရာသီအ လိုက် အချက်အလက်များအပါအ ဝင် ယင်းမြို့များရှိလတ်တလော ရာသီဥတု အခြေအနေများကို လေ့လာရာတွင် သုတေသီများက အပူချိန်နောက်ထပ် ဒီဂရီထက် ဝက်မြင့်တက်ပါက မည်သို့ဖြစ် လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
၎င်းတို့လေ့လာခဲ့သော မြို့ များ၏ ၇၇ ရာခိုင်နှုန်းသည် ၂၀၅၀ တွင် ရာသီဥတုသိသာစွာ ပြောင်းလဲသော အခြေအနေများ ကြုံတွေ့ရမည်ဟု လေ့လာမှုက ဖော်ပြနေကြောင်း သုတေသီများ က ပြောသည်။
ထို့အပြင် ကမ္ဘာ့မြို့များ၏ ငါးပုံတစ်ပုံသည် ပိုမိုပြင်းထန် သော ခြောက်သွေ့မှုနှင့် မုတ်သုံ ရာသီများကဲ့သို့ မကြုံစဖူး ရာသီဥ တုပြောင်းလဲမှုများ ကြုံတွေ့ရ မည်ဖြစ်ကြောင်း လေ့လာမှုခေါင်း ဆောင် ဂျိန်းဖရန်စစ်ဘာစတင်က ပြောသည်။
မကြုံစဖူးသော ရာသီဥတု ပြောင်းလဲမှုများ ကြုံတွေ့ရမည့် မြို့များ၏ ၂၂ ရာခိုင်နှုန်းအနက် ၆၄ ရာခိုင်နှုန်းသည် အပူပိုင်း ဒေသများတွင် ပါဝင်ပြီး ကွာလာ လမ်ပူ၊ ရန်ကုန်နှင့် စင်ကာပူတို့ ပါဝင်သည်။ အပူပိုင်းဒေသရှိ ယင်းမြို့ များသည် ရာသီဥတုပြောင်းလဲမှု ၏ အပြင်းထန်ဆုံးရိုက်ခတ်မှုများ ကို မြင်ရဖွယ်ရှိသော်လည်း ပျမ်း မျှအပူချိန်ပြောင်းလဲမှု ပိုမိုနည်းပါးမည်ဖြစ်ကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။
No comments:
Post a Comment