သူ့ကို ထိပ်တန်းရောက်စေခဲ့တာဟာ ပြီးခဲ့တဲ့နှစ်က Reputation Stadium Tour အမည်နဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေက ဝင်ငွေ အများဆုံးရခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်သမိုင်းမှာ ဝင်ငွေအမြင့်ဆုံး နယ်လှည့်ဖျော်ဖြေပွဲတခု ဖြစ်ခဲ့ပါတယ်။
မဂ္ဂဇင်းက ခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ တေလာဆွစ်ဖ်ရဲ့နောက် ဒုတိယနေရာမှာတော့ လူမှုကွန်ရက် မီဒီယာတွေပေါ် ထင်ရှားတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ အသက် ၂၂ နှစ်အရွယ် ကိုင်လီဂျန်နာက ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ နဲ့ ရှိနေခဲ့တာပါ။
အသက် ၄၂ နှစ်အရွယ် ရက်ပ်ပါအဆိုတော် ကန်ယေးဝပ်စ်ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အဲဒီနောက်မှာတော့ နာမည်ကျော် ဘောလုံးသမား မက်ဆီက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်းနဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ အဆိုတော် အက်ဒ်ရှီယမ်က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ နဲ့ ရပ်တည်နေတာပါ။
ဆဋ္ဌမမြောက်နေရာမှာတော့ နာမည်ကြီး ဘောလုံးသမား ရော်နယ်ဒို၊ သူ့နောက်မှာတော့ နေမာ စတဲ့ ဘောလုံးသမားတွေက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၉ သန်း၊ ၁၀၅ သန်းစီနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။
နာမည်ကျော် The Eagles တေးဂီတအဖွဲ့ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေပြီး အဲဒီနောက်မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၅ သန်းနဲ့ ဒေါက်တာဖီလ်အဖြစ် နာမည်ကြီးတဲ့ ရုပ်သံကြယ်ပွင့် ဖီလ်မက်ဂ်ဂရောက ရပ်တည်နေပါတယ်။
အမှတ်စဉ် ၁၀ နေရာမှာတော့ လက်ဝှေ့အကျော်အမော် ကန်နယ်လို အယ်လ်ဘာရက်ဇ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၄ သန်းနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment