၃၇ မိနစ်မှာ ချီလီအသင်းက ဂယ်ရီမက်ဒယ်နဲ့ အာဂျင်တီးနားအသင်းက မက်ဆီတို့ အချင်းများခဲ့လို့ နှစ်ယောက်လုံး အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။
အာဂျင်တီးအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၁၂ မိနစ်နဲ့ ၂၂ မိနစ်တို့မှာ အဂူရိုနဲ့ ဒိုင်ဘာလားတို့က သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ချီလီအသင်းက မထင်မှတ်တဲ့အနေအထားကနေ အငြင်းပွားဖွယ် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဗီဒယ်က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။
တွေ့ဆုံချိန်တိုင်း အရှုံးတွေနဲ့ပဲ လှည့်ပြန်ခဲ့ရတဲ့ ချီလီတို့ အာဂျင်တီးနားကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ လက်ကျန်မိနစ်တွေမှာ ကြိုးစားခဲ့ပေမယ့်လည်း အာဂျင်တီးနားနောက်တန်း အော့တာမန်ဒီ၊ ပက်ဇဲလာ၊ ဖွိုက်တို့ကို မကျော်နိုင်ဘဲ ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံ ၁၄ ကြိမ်၊ ဒုတိယ ၁၄ ကြိမ်နဲ့ တတိယ ၅ ကြိမ် ရရှိထားပြီးတော့ ဖလား ၁၅ လုံးရရှိထားတဲ့ ဥရုဂွေးရဲ့နောက် ဒုတိယနေရာမှာ ရှိနေပါတယ်။
ကိုပါအမေရိကဖလား နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၈ ရက်နေ့မှာ ပီရူးအသင်းနဲ့ နာမည်ကြီး အိမ်ရှင်ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment