ဆွီဒင်အသင်းရဲ့ ပွဲအစပိုင်းကတည်းက လျင်လျင်မြန်မြန်ကစားပုံတွေကြောင့် အင်္ဂလန်အမျိုးသမီးတို့ အငိုက်မိနေခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုးစလုံးကို ပထမပိုင်း ၁၁ မိနစ်နဲ့ ၂၂ မိနစ်တို့မှာ ခွင့်ပြုပေးခဲ့ရတာပါ။
ဂိုးတွေ ပေးခဲ့ရပြီးတဲ့နောက် အားထည့်ကစားလာတဲ့ အင်္ဂလန်တို့ ၃၁ မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။ တလုံးတည်းသောချေပဂိုးကိုတော့ ကွင်းလယ်လူခါဘီက ပြိုင်ဘက်နောက်ခံလူတွေကြားကနေ ပါးပါးနပ်နပ်သွင်းယူပေးခဲ့တာပါ။
၃၃ မိနစ်မှာ နာမည်ကြီး အယ်လန်ရိုက်က နောက်ထပ်ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်အရ လက်ထိဘောဖြစ်နေလို့ နစ်နာခဲ့ပါတယ်။
ပွဲကစားချိန် ပြီးဆုံးခါနီး ဂျော်ဒီတေလာရဲ့ကန်ချက်က ဂိုးထဲဝင်ခါနီးပေမယ့် ဆွီဒင်နောက်ခံလူ ဖစ်ရှာက မျက်နှာနဲ့ အနာခံတိုက်ထုတ်သွားခဲ့လို့ အင်္ဂလန်တို့ကံဆိုးခဲ့ပြီး ဂိုးသမား တဲလ်ဖိုဒ့်ရဲ့ ကာကွယ်မှုတွေကလည်း ၂ နှစ်ဆက် တတိယဆုရဖို့ ဝေးခဲ့ရတာပါ။ အင်္ဂလန်အမျိုးသမီးအသင်းဟာ နည်းပြ ဖီးလ်နဗီးလ်လက်အောက်မှာ အကောင်ဆုံးခြေစွမ်းပြနိုင်ခဲ့ကြပြီး အခုနှစ်ကမ္ဘာ့ဖလားမှာ ဆုမရခဲ့ပေမယ့် ကစားသမားကောင်းတွေ ပေါ်ထွက်လာတာကြောင့် အနာဂတ်အတွက် သတင်းကောင်းတခုဖြစ်တယ်လို့ ပရိသတ်တွေက ဆိုပါတယ်။
No comments:
Post a Comment