ယင်းသည် အပြုသဘော ဆောင်သည့်ကြေညာချက်ဖြစ်ပြီး အနောက်နိုင်ငံများ အထူးသဖြင့် ဥရောပသမဂ္ဂ(အီးယူ)၊ အမေရိ ကန်တို့နှင့် ကွဲပြားသည့်ပုံစံဖြင့် အာဆီယံက ရခိုင်အရေးကိုချဉ်း ကပ်ခြင်းဖြစ်ကြောင်း လေ့လာ စောင့်ကြည့်သူအချို့က သုံးသပ် သည်။
‘‘မြန်မာနိုင်ငံရဲ့ဒုက္ခသည် ပြန်လည်လက်ခံရေးအစီအစဉ် မှာ အာဆီယံက ၀င်ကူမယ်ပြော လိုက်တော့ ရှိနေတဲ့ Process (လုပ်ငန်းစဉ်)အတွက်အထောက် အကူဖြစ်သွားတာပေါ့’’ ဟု မြန် မာ့အရေးစောင့်ကြည့်သူ ဦးစိုးမြင့် အောင်က ဆိုသည်။
အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေး ၀င်ရောက်မစွက် ဖက်ရေးမူဝါဒချထားသည့် အာဆီ ယံ၏ ထိပ်သီးအစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ကြေညာချက်တွင် မြန် မာနှင့်ပတ်သက်၍ စာပိုဒ်နှစ်ခု ပါဝင်ပြီး လူသားချင်းစာနာမှုအကူ အညီများကို ပေးအပ်ရန်၊ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပေးကော် မရှင်၏အပြီးသတ်အစီရင်ခံစာ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် အာဆီ ယံက လုပ်ဆောင်တိုက်တွန်းမည် ဖြစ်ကြောင်းဖော်ပြထားသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သိသာထင်ရှားပြီး ပိုမိုကောင်းမွန်စေမည့် အခန်း ကဏ္ဍမှ အာဆီယံက မြန်မာနိုင်ငံ ကို ဆက်လက်ကူညီထောက်ပံ့မှု ပေးမည်ဟု တိလင်းစွာကြေညာ သည်။
ရခိုင်ပြည်နယ်တွင် သာတူ ညီမျှဖွံ့ဖြိုးမှုနှင့် ရေရှည်တည်တံ့ ရေးအပါအ၀င် အသိုင်းအ၀ိုင်း ပေါင်းစုံအကြား ပြန်လည်သင့် မြတ်ရေး၊ ညီညွတ်ရေးတို့ကိုမြှင့် တင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ကို ဖြစ်ပေါ်စေရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို အာဆီယံကကူ ညီပေးရန်ထပ်လောင်းအတည်ပြု ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အာဆီယံ၏ ထောက်ခံမှုအပေါ် အခြေခံထား သည့် ကနဦးလိုအပ်ချက်ဆန်း စစ်လေ့လာခြင်း(Preliminary Needs Assessment)ကို ဆောင် ရွက်နေသော အာဆီယံအတွင်း ရေးမှူးရုံးချုပ်ရုံး၊ AHA Centre နှင့် မြန်မာအစိုးရအရာရှိများကို အာဆီယံနိုင်ငံများက ကြိုဆို ထောက်ခံခဲ့သည်။ ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသူများ လုံခြုံစွာ၊ စိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန် လာနိုင်ရေး ဖြစ်နိုင်သမျှ ချောမော စေရေးနှင့် ထိရောက်မှုရှိစေရေး မြန်မာအစိုးရ၏ ကတိက၀တ်ပြု မှုကို အာဆီယံက အလေးအနက် ထားသည်။
တစ်ချိန်တည်းတွင် အာဆီ ယံက နေရပ်စွန့်ခွာသူများပြန်လာ ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အ ကြား ထိရောက်သည့်ဆွေးနွေး ပြောဆိုခြင်းနှင့် မြန်မာအစိုးရ၊ UNDP၊ UNHCR တို့အကြားချုပ် ဆိုထားသော သဘောတူညီချက် အတိုင်း အပြည့်အ၀အကောင်အ ထည်ဖော်မှုကို ဆက်လက်စောင့် ကြည့်မည်ဟု ကြေညာသည်။
အာဆီယံထိပ်သီးအစည်း အဝေးမစတင်မီ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ရခိုင်ပြည်နယ် မှ နေရပ်စွန့်ခွာသူများကို နိုင်ငံ သားပေးရန်တောင်းဆို၍ မြန်မာ အစိုးရကို ဖိအားပေးလင့်ကစား အာဆီယံကမူ ဥက္ကဋ္ဌ၏ကြေညာ ချက်မှတစ်ဆင့် ဖိအားပေးမှုများ ကို လျစ်လျူရှုကြောင်း ပြသခဲ့ သည်။
သို့သော် ထိပ်သီးအစည်းအ ဝေးမစတင်မီနှင့်အပြီးတွင် ရခိုင် အရေးကိုအကြောင်းပြု၍ မြန်မာ အပေါ် နိုင်ငံတကာ၏ဝေဖန်ပြစ် တင်မှုများက မနားတမ်းထွက်ပေါ် ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့် သီတင်းပတ်တွင်ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးတွင် မဟာမင်းကြီးမစ္စစ်ဘာချဲလ်လက် က ရခိုင်အရေးကို အကျယ်တ၀င့် ပြောကြားခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ များနှင့် မိုဘိုင်းအင်တာနက်သုံးစွဲ မှု တားမြစ်ထားသည့်ဖြစ်စဉ်များ ကြောင့် နေရပ်စွန့်ခွာသူများပြန် လည်လက်ခံရေးလုပ်ငန်းစဉ်အ ပေါ်ရိုက်ခတ်မှုရှိသည့် အခြေအ နေများကို စိုးရိမ်ကြောင်း မစ္စစ် ဘာချဲလ်လက်က ပြောသည်။
‘‘အခုအထိ အပြောင်းအလဲ မရှိဘဲ တင်းမာနေတာက ဥရောပ သမဂ္ဂပဲ။ အီးယူက အရင်ကတည်း က လူ့အခွင့်အရေး - Human Right ဆိုတဲ့ စံနှုန်းကို အဓိကထား ကြည့်တာဆိုတော့’’ဟု မြန်မာ့အ ရေးလေ့လာစောင့်ကြည့်သူ ကို ထူးကျော်ဝင်းက သုံးသပ်သည်။ ရခိုင်အရေးတွင် အနောက်နိုင်ငံ များအကြား ဖိအားပေးမှုမတူညီ ဘဲ အမေရိကန်နိုင်ငံက ပစ်မှတ် ထားပိတ်ပင်မှုများမှလွဲ၍ အနည်း ငယ် ပျော့ပျောင်းလာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
သို့သော် အမေရိကန် အောက်လွှတ်တော်ကမူ ရခိုင် ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များ ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဆက်လက်တံဆိပ်ကပ်ခဲ့ပြီး မြန် မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူမှု မလုပ်ဆောင်ပါက အရေးယူပိတ် ဆို့မည်ဟု ဆုံးဖြတ်ခဲ့သည်။လူမျိုး တုံးသတ်ဖြတ်မှုဟူသော အသုံး အနှုန်းကို အမေရိကန်အစိုးရက တရားဝင်သုံးနှုန်းခြင်း မရှိသေးသ လို မြန်မာအစိုးရကလည်း ယင်း အသုံးအနှုန်းကိုလက်မခံပေ။
ထို့အပြင် အာဆီယံထိပ်သီး အစည်းအဝေးအပြီး ဇွန်လကုန် ပိုင်းတွင် နိုင်ငံတကာရာဇ၀တ်မှုခုံ ရုံး(ICC)က ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ မြန်မာနှင့်ဘင်္ဂ လားဒေ့ရှ်ကို စုံစမ်းစစ်ဆေးမှု ပြု လုပ်နိုင်ရေးဆုံးဖြတ်ပေးရန်အကြို ကြားနာမှုဌာန (Pre-Trial Chamber III)ကို ဖွဲ့စည်းတာဝန် ပေးအပ်သည်။ အဆိုပါဖွဲ့စည်းမှု သည် ဘင်္ဂလားဒေ့ရှ်သို့ အိုင်စီစီ အဖွဲ့ဝင်များသွားရောက်၍ အ ချက်အလက်များစုဆောင်းအပြီး တွင် တစ်ဆင့်တက်လိုက်သော ခြေလှမ်းဖြစ်သည်။
ရာဂဏန်းမျှသော ဒုက္ခ သည်များကို ပြန်လည်လက်ခံရုံ ဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ယုံကြည်မှုရရှိမည် မဟုတ်ဘဲ သိန်းနှင့်ချီသည့် ဒုက္ခသည်များကို ပြန်လည်လက်ခံနိုင်မှသာ ဝေဖန် ပြစ်တင်မှုများကို လျှော့ချနိုင်မည် ဟု စောင့်ကြည့်သူများက ရှုမြင် သည်။
သို့ရာတွင် ရခိုင်ပြည်နယ် အရေး၌ တရုတ်နှင့် ရုရှားက မြန် မာအစိုးရဘက်မှ ခိုင်မာစွာရပ် တည်ထားခြင်းက ပြည်တွင်းအ ခြေအနေသည် နိုင်ငံတကာဖိအား ကြောင့် များစွာပြောင်းလဲမဟုတ် ဟု လေ့လာစောင့်ကြည့်သူ ဦးစိုး မြင့်အောင်က သုံးသပ်သည်။
‘‘ဒီအခြေအနေက မတိုး တက်တောင် နောက်ဆုတ်သွား မယ့်အနေအထား မရှိဘူး။ ဘင်္ဂ လားဒေ့ရှ်က စိတ်ပူလာတာ အဲဒါ ပေါ့နော်’’ဟု ၎င်းက ပြောသည်။
ထို့အပြင် ကမ္ဘာ့နိုင်ငံရေးအ လားအလာသည် နိုင်ငံချင်းအ ကြား ညှိနှိုင်းဆောင်ရွက်ရခြင်းမျိုး ဖြစ်ပြီး အပြတ်ဖြတ်ရသည့်အခြေ အနေမျိုးမဟုတ်ကြောင်းနိုင်ငံရေး လေ့လာစောင့်ကြည့်သူ ကိုကျော် ထူးဝင်းက မှတ်ချက်ပြုသည်။
ယခုဇူလိုင် ၁ ရက်ကစ၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မစ္စစ် ရှိတ်ဟာဆီနာသည် တရုတ်သို့ ရောက်ရှိနေပြီး ၎င်း၏ခရီးစဉ်အ တွင်း ဘင်္ဂါလီ(မူရင်းတွင် ရိုဟင် ဂျာ)များကို ထည့်သွင်းဆွေးနွေး မည်ဟု ဒါကာအခြေစိုက်သတင်း ဌာနများက ဖော်ပြသည်။
သို့သော် တရုတ်သည်၎င်း၏ အကျိုးစီးပွားကို အဓိကရှေးရှု မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ် သက်၍ ၎င်း၏ရပ်တည်ချက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထူး ခြားစွာပြောင်းလဲနိုင်မည် မဟုတ် ကြောင်း အကဲခတ်များကသုံးသပ် သည်။
‘‘ဘင်္ဂလားဒေ့ရှ်က (ဘင်္ဂါ လီအရေးနဲ့ပတ်သက်ပြီး) သူ့အာ ဂျင်ဒါကို ချဲ့ဖို့အမြဲစိတ်ကူးတယ်။ မြန်မာက အဲဒီလိုစိတ်ကူးမရှိဘူး’’ ဟု မြန်မာ့မဟာဗျူဟာနှင့်မူဝါဒ လေ့လာရေးအင်စတီကျုဒ်(ISP Myanmar)၏ ဆက်ဆံဆက် သွယ်ရေးဌာန ဒါရိုက်တာဦး အောင်သူငြိမ်းက မှတ်ချက်ပြု သည်။
ဘင်္ဂါလီဒုက္ခသည်များနေ ရပ်ပြန်ရေး အာဆီယံက မြန်မာ ကို ဆက်လက်ကူညီမည်ဖြစ်သော် လည်း မြန်မာအစိုးရကိုယ်တိုင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို ထိ ရောက်စွာ အကောင်အထည် ဖော်ပြနိုင်မှသာ နိုင်ငံတကာ၏ ဖိအားလျော့ပါးမည်ဟု ၎င်းကသုံး သပ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီနှင့် အနောက်နိုင်ငံများ က တောင်းဆိုသည့် သီးခြားလွတ် လပ်သောစုံစမ်းစစ်ဆေးရေး ယန္တ ရား၊ အိုင်စီစီခုံရုံးတင်နိုင်ရေး စသည့်ဖိအားပေးမှုများနှင့် ပတ် သက်၍ မြန်မာနိုင်ငံက အာဆီယံ ကို ဒိုင်းသဖွယ်အသုံးပြုကာ ယင်း ဖိအားများမှ ရှောင်လွှဲနိုင်သည့်အခွင့်အရေးရှိကြောင်း ဦးအောင် သူငြိမ်းက ဆက်လက်ပြောသည်။ ‘‘၂၀၀၈ နာဂစ်တုန်းကလည်း လူသားချင်းစာနာမှုကိုအာ ဆီယံက ၀င်ကူဖူးတယ်။ အောင် မြင်ဖူးတယ်။ အခုလည်းအာဆီယံ က ၀င်ကူမယ့်အနေအထား။ ပြဿနာက ကျွန်တော်တို့ကလက် ခံဖို့ ဘယ်လောက်အဆင်သင့်ဖြစ် သလဲပေါ့’’ဟု ၎င်းက ဆိုသည်။
No comments:
Post a Comment