
“ဖောင်ဒေးရှင်း လုပ်ဖို့အတွက် မနှစ်ကတည်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီမှာ ခွင့်ပြုမိန့် တောင်းခဲ့တယ်။ ဒီနှစ်မှာ စပြီးဖွင့်လှစ်နိုင်တာပါ။ ယာဉ်လောက မိသားစုတွေထဲက အမှန်တကယ်ချို့တဲ့ပြီး ပညာရေး ထူးချွန်တဲ့သူတွေကို ထောက်ပံ့ပေးမှာပါ။ တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်ပညာရေး ဆုံးခန်းတိုင်တဲ့အထိ ထောက်ပံ့ပေးသွားမယ်။ လျှောက်ထားမှုတွေကို ဆိုင်ရာအဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ပြီး လက်ခံသွားမယ်။ အဓိကကတော့ အသက်မွေးဝမ်းကျောင်း ပညာရပ် တက္ကသိုလ် တက်ရောက်ဖို့ ထူးချွန်တဲ့ ကလေးတွေကို ပိုအားထား ထောက်ပံ့ကူညီသွားမယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။ လျှောက်ထားလိုသူများ အနေဖြင့် ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီအောက် အဖွဲ့ဝင်များ ယာဉ်အသင်းများမှ ယာဉ်လောကသားများ၏ သားသမီးများ လျှောက်ထားနိုင်မည်ဖြစ်ကာ လျှောက်ထားသည့်အခါ ရပ်ကွက်ထောက်ခံချက်၊ ယာဉ်အသင်း ထောက်ခံချက်များ ပါရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပညာရေး ထောက်ပံ့ပေးနေခြင်း မရှိဘဲ ပညာရေးကဏ္ဍဍ ထောက်ပံ့မှုအဖြစ် တစ်နှစ်တစ်ကြိမ် ယာဉ်လောကသားများ၏ သား၊ သမီးများမှ တက္ကသိုလ်ဝင်တန်း အောင်သူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဆုငွေချီးမြှင့်ခြင်း ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၉၀ ကျော်အတွက် ဆုငွေကျပ် ၂၃၇၈၀ဝ၀ဝ ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment