မိတ္ထီလာ နဲ့ တောင်ငူ 500KV ဓာတ်အားလိုင်းအား တရုတ်ကုမ္ပဏီတခုက လုပ်ဆောင်နေတာဖြစ်ပြီး တိုင်အမှတ် ၉၁ မှာ လိုင်းကြိုးသွယ်တန်းရာ လိုင်းကြိုးတွေ တင်းအားများပြီး တိုင်မှ မူလီနတ်တွေ ပြုတ်ထွက် ပြိုကျတာကြောင့် တာဝါတိုင်ပေါ် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တာပါ။
သေဆုံးသွားသူတွေကတော့ Zi Fayou(၂၈နှစ်)၊ Li Wenquani (၂၉နှစ်)၊ He Kaili (၂၇နှစ်) တို့ သေဆုံးခဲ့တာဖြစ်ပြီး Yang Shi Hua ကတော့ မိတ္ထီလာဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းပြီး ဆေးကုမှူခံယူနေပါတယ်။
ဒေသခံကိုတင်ထွန်းက “အဲတရုတ်ကုမ္ပဏီက မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၁၁) ဓမ္မရုံလမ်းထဲမှာ အိမ်ငှားနေကြတယ်၊ လူ ၃၀ လောက်ရှိမယ် ထင်တယ်။ အလုပ်သွားလုပ်လိုက်၊ ပြန်လာလိုက် အဝင်အထွက်တွေ မြင်နေရတာပဲ” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို လူမှူကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment