ဇူလိုင် ၅ ရက်နေ့မှာတော့ ကမ်းခြေမှာ ကလေးငယ်တွေက ပင်လယ်လိပ်ပေါက်ကောင်ရေ ၈၀ လောက်ကို လွှတ်ပေးခဲ့ပြီး ပင်လယ်လိပ်လွှတ်ပွဲကို ဒေသခံတွေနဲ့အတူ ကမ္ဘာလှည့်ခရီးသည်တွေပါ တက်ရောက်ခဲ့ပါတယ်။
ဒေသခံ တံငါသည်တွေဟာ ပိုက်ကွန်မှာ မိတဲ့ လိပ်ဥတွေကို ကာကွယ်တဲ့အနေနဲ့ သဲအတွင်း မြှုပ်နှံ အကောင်ဖောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပင်လယ်လိပ်ထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးက ပင်လယ်လိပ်ဥတွေကို သဘာဝသားရဲတွေ ဖြစ်တဲ့ ကဏန်းတို့ ဌက်တို့ရန်ကနေ ကာကွယ်တဲ့အနေနဲ့ တံငါသည်တွေက ကယ်ဆယ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာသာရေး အခမ်းအနားတွေမှာ ပင်လယ်လိပ်တွေကို စားသုံးနေကြဆဲဖြစ်ပေမယ့် အဲဒီလို စားသုံးဖို့အတွက် ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံအစိုးရရဲ့ ခွင့်ပြုချက်တော့ လိုတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
No comments:
Post a Comment