
မြို့နေလူထု ၄၇ ရာခိုင်နှုန်းက ရန်ကုန်စည်ပင်ရဲ့ အမှိုက်သိမ်းစနစ်၊ ခွေးလေခွေးလွင့်နဲ့ ရေကြီးရေလျှံမှုတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်တဲ့အပေါ် စိတ်ပျက်မိကြတာဖြစ်တယ်လို့ စစ်တမ်း ကောက်ယူမှုမှာ ဦးဆောင်ပါခဲ့တဲ့ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းဒါရိုက်တာ ဦးမျိုးအောင်ထွေးက ဘီဘီစီကို ပြောပါတယ်။
လမ်းတွေနဲ့ ပတ်သက်တာဆိုရင် ရေစီးရေလာကောင်းခြင်းမကောင်းခြင်းနဲ့ ပတ်သက်လို့လည်း သိပ်ကျေနပ်မှု မရှိကြဘူးလို့ ဦးမျိုးအောင်ထွေးက ဆိုပါတယ်။
ဒီလိုပြဿနာတွေအပြင် ရန်ကုန်စည်ပင်သာယာရေး ကော်မတီဟာ လမ်းဘေးဈေးသည်ကိစ္စ၊ ကျုးကျော်ကိစ္စတွေအပါအဝင် ဌာနဆိုင်ရာပိုင်းမှာ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတယ်ဆိုပြီး ထောက်ပြပြောဆိုတာတွေလည်း ရှိနေပါတယ်။
အခုထွက်ရှိလာတဲ့ စစ်တမ်းနဲ့ ပတ်သက်လို့ ရန်ကုန်စည်ပင်ကော်မတီဝင်တွေကို ဘီဘီစီက ဆက်သွယ် မေးမြန်းတာကို ငြင်းဆိုခဲ့ပြီး လစဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကျမှ မေးဖို့ပြောခဲ့ပါတယ်။
YCDC အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုအပေါ် မေးမြန်းတဲ့ MDRN ရဲ့ စစ်တမ်းကို ရန်ကုန်နိုင်ငံရေး သိပ္ပွကျောင်းအပါအဝင် သုတေသနအဖွဲ့ ၇ ဖွဲ့က ပူးပေါင်းကောက်ယူခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့တွင်းက သဃန်းကျွန်း၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွှန့် ၊ အင်းစိန်နဲ့ လှိုင်သာယာစတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်က မြို့ခံလူထုကို မေးမြန်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment