‘‘Science Fiction ဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ စိတ် ဝင်စားတယ်။ ဇာတ်လမ်းက ဘယ်လိုပုံစံထွက်လာမလဲ ဘယ်လိုမှ ကြိုပြီး ပုံဖော်လို့မရဘူး။ အဓိက ကတော့ ဦးညိုမင်းလွင်ကို ယုံ ကြည်လို့ လက်ခံခဲ့တာပါ’’ဟု နန်းဆုဦးက ပြောသည်။
ယင်းဇာတ်ကားသည် ကမ္ဘာ့ အဆင့်မီ သိပ္ပံရုပ်ရှင် မဖြစ်နိုင်သေး သော်လည်း ပရိသတ်အနေဖြင့် ကြိုးစားမှုကို အသိအမှတ်ပြုပေး မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ လတ်တလောတွင် ရင်ဝှက် အက္ခရာရုပ်ရှင်ရိုက်ကူးထားပြီး ကိုရီးယားမင်းသားနှင့် သရုပ် ဆောင်ရသည့် အတွေ့အကြုံကို နန်းဆုဦးက ‘‘အချင်းချင်း အရမ်း Respect ထားတယ်။ ရိုမန့်ဆို တော့ ချစ်ခန်း၊ ကြိုက်ခန်းတွေ များတယ်လေ။ သူနဲ့က ဒီမှာမှ စဆုံတာဆိုတော့ ချစ်ခန်း၊ ကြိုက်ခန်းရိုက်တာက နည်းနည်းရင်းနှီး ဖို့ လိုတယ်။ ရိုက်ကူးရေးမစခင်က စကားတွေ ဘာတွေပြောတယ်။ ရင်းနှီးသွားတယ်’’ဟု ပြောသည်။
No comments:
Post a Comment