USGS က လာမယ် ရက်တွေ အတွင်း ပြင်းအား – အဆင့်ရှိတဲ့ မြေငလျင်တွေ လှုပ်ဖို့ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ သတိပေးထားပါတယ်။
ရစ်ဂ်ျခရက်စ် မြို့တော်ဝန်က မြေငလျင်ကြောင့် မီးလောင်တာတွေ၊ ဓာတ်ငွေ့ ယိုစိမ့်တာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေရှိပြီး တာဝန်ရှိသူတွေ အနေနဲ့ အစွမ်းကုန်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
မြေငလျင်ကြောင့် ရေကူးကန်အတွင်း ရေတွေ ဘောင်ဘင်ခတ်နေပုံကို ကယ်လီဖိုးနီးယား ဒေသခံတွေက ဗွီဒီယိုရိုက်ပြီး upload တင်ခဲ့ပါတယ်။ မြေငလျင် သက်ရောက်မှုကို ဟောလိဝုဒ်ကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေလည်း ခံစားသိရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
No comments:
Post a Comment