‘‘ဥပဒေတစ်ခုအဖြစ်နဲ့ ပေါ်ပေါက်လာဖို့ ကျွန်မတို့ အများကြီးစောင့်ခဲ့ရတယ်။ ခြောက်နှစ်ကာ
လလောက်အထိ ကျွန်မတို့ စောင့်ခဲ့ရတယ်။ အခု ၀န်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သိချင်လို့လည်း မေးမြန်းခဲ့ပါတယ်။ ဥပဒေပေါ်လာပြီဆိုရင်
လည်း တကယ်ဥပဒေကို အကာအကွယ်ပေးတဲ့ဟာမျိုး ဖြစ်စေချင်တယ်။ အမျိုးသမီးတွေကို ဟန့်တားတာမျိုးပါတဲ့ အချက်မျိုးဆိုရင်လည်း ပယ်ဖျက်ပေးဖို့ ဆိုတာမျိုး တင်ပြပါတယ်။ တွေ့ဆုံဆွေးနွေးချိန် တစ်နာရီလောက်ရှိပါ တယ်’’ ဟု မခင်လေးက ဇူလိုင် ၅ ရက်တွင် ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေး ဥပဒေမူကြမ်းတွင် အခန်း (၁၃) ခန်းပါဝင်ပြီး ၎င်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဦးဆောင်ကာ အခြားဝန်ကြီးဌာန များ၊ ဥပဒေကျွမ်းကျင် ပညာရှင် များနှင့် အရပ်ဘက်လူမှု အဖွဲ့အ စည်းများ ပူးပေါင်းရေးဆွဲထား သည်။ အမျိုးသမီးကွန်ရက်များအနေဖြင့် အဆိုပါ ဥပဒေနှင့်ပတ်သက်၍ အကြံပြုချက် ၂၄ ချက်ပေးပို့ထားကြောင်း ၎င်းကပြော သည်။
‘‘၀န်ကြီးကတော့ ဒီဥပဒေကို ဒီနှစ်အတွင်းမှာအမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် သူကြိုးစားချင်တယ် ပေါ့နော်။ နောက်ပြီးတော့ လူကယ်ပြန်ဌာန တစ်ခုတည်းနဲ့ မဟုတ်ဘဲတခြားဆက်စပ် ဌာနတွေနဲ့လည်း ပဲ ပြန်ပြီးတော့ ညှိနှိုင်းရတာတွေ ရှိတော့ ထပ်မံပြီးတော့ ဖြည့်စွက် ရတာတွေ လုပ်လို့ရှိရင် ကြန့်ကြာတာပေါ့နော်။ ဥပဒေက လွှတ်တော်ကို တင်ဖို့ကိစ္စတွေမှာလည်း နှောင့်နှေးမှာတော့ သူ့မှာ စိုးရိမ်ချက်ရှိ တယ်’’ ဟု မခင်လေးက ရှင်းပြ သည်။ အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ က အဆိုပါ ဥပဒေကို ယခုနှစ်အ တွင်း လွှတ်တော်၌ တင်ပြဆွေးနွေးနိုင်ရေး မျှော်လင့်ကြောင်း ပြော ကြားသည်။ ဥပဒေမူကြမ်းပါ အချို့အကြောင်းအရာများသည် အသစ်အဆန်း ဖြစ်နေသဖြင့် ဆွေးနွေးမှုအပိုင်းတွင် ငြင်းခုံရခြင်းမျိုးရှိသဖြင့် ကြန့်ကြာမှုများ ရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ဆူဇန်နာလှလှစိုးက ပြောကြားထားသည်။
ဥပဒေကြမ်းတွင် အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များသာမက အကြမ်းဖက်ခံရမည့် အမျိုးသမီးများကို အကာအကွယ်ပေးမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များ ထည့်သွင်းရေးဆွဲ ထားကြောင်း အမျိုးသမီးအဖွဲ့အ စည်း တာဝန်ရှိသူအချို့က ပြော သည်။ ယမန်နေ့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးကမူ ဇူလိုင် ၅ ရက်အထိ သီးခြားသတင်းထုတ်ပြန်ထားခြင်း မရှိပေ။ မြန်မာနိုင်ငံသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ တွင် လက်မှတ်ရေးထိုးခဲ့သည်။
No comments:
Post a Comment