
ဆန္ဒထုတ်ဖော်ပွဲကို နေ့လည် ၁၂ နာရီအချိန်ခန့်တွင် တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီး အရှေ့ဘက်မုခ်မှ စတင်ထွက်ခွာ၍ ဗီနိုင်းဆိုင်းပုဒ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ တရားဝင်အသိပေး ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်ပေါင်းစုံမှ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နာရေးကူညီမှုနှင့် ပရဟိတ အသင်းအဖွဲ့များမှ ပြည်သူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့တို့ကလည်း စုပေါင်း ပါဝင်ခဲ့ကြသည့်အပြင် မြို့ခံပြည်သူအချို့ကလည်း ဆန္ဒထုတ်ဖော်ရာ လမ်းများတွင် စောင့်ကြည့်ဝန်းရံ အားပေးခြင်း၊ မော်တော်ယာဉ်များ ဆိုင်ကယ်များဖြင့် လိုက်ပါ၍ ၀န်းရံအားပေးခြင်းတို့ဖြင့် ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment