‘‘ရုပ်ရှင်ကတော့ ကစ်တို့ ဘယ်နှကားဆိုပြီး ညှိထားတာရှိ တယ်။ အခုကဇာတ်ရွေးနေတုန်း ဆိုတော့ တိုင်ပင်ရမှာရှိပါသေး တယ်။ နောက်စီးရီးတွဲလည်း ပြင် ဆင်နေတော့လေ ပြောထားတာ တွေတော့ရှိတယ်။ ဇာတ်လမ်းတွဲ တွေကိုလည်း ကစ်စိတ်ဝင်စားပါ တယ်။ အဓိက ဇာတ်လမ်းတွဲက ပရိသတ်နဲ့လည်း မဝေးတော့ဘူး ပေါ့’’ဟု ၀တ်မှုံရွှေရည်ကပြော သည်။
7sense ရုပ်ရှင်ထုတ်လုပ် ရေးနှင့် လက်တွဲဖြစ်ခြင်းသည် Team Work ကောင်းပြီး ဇာတ် ကားရုံတင်မှုမြန်သည့်အပြင် အနု ပညာသမားများအပေါ် နားလည် သောကြောင့်ဟု ၎င်းကပြော သည်။
၎င်းပါဝင်သရုပ်ဆောင်ထား သော ‘ဒဏ္ဍာရီမိုး’ရုပ်ရှင်ဇတ်ကား ကို ဇူလိုင် ၁၁ ရက်တွင်ရုံတင် မည်ဖြစ်ရာ အဆိုပါဇာတ်ကား သည် အချစ်ကားကြိုက်နှစ်သက် သည့် ပရိသတ်များအတွက်အ သစ်တစ်ခုဖြစ်ကြောင်း ၀တ်မှုံရွှေ ရည်ကပြောသည်။
ယင်းဇာတ်ကားတွင် ၎င်း ပါဝင်သရုပ်ဆောင်ရသည့် မိုး နှောင်း၏ဇာတ်ရုပ်သည်အနည်း ငယ်ခက်ခဲသကဲ့သို့ ဇာတ်လမ်း ကြည့်ရှုပြီးချိန်တွင် နားလည်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘ရုပ်ရှင်ရုံမှာဇာတ်ကားပြတဲ့ အခါကြည့်ရင်တော့ ပိုပြီးသိသွား လိမ့်မယ်။ ကိုရဲတိုက်ပရိသတ် တွေတော့ စိတ်တိုင်းကျမှာပါ။ အရမ်းကို ကျေနပ်ကြလိမ့်မယ်။ ပြီးတော့ ဇာတ်လမ်းရော၊ ရိုက် ချက်တွေရော တကယ့်ကို အချစ် ကားကောင်းကောင်းလေးကြည့်ချင်ရင်လာကြည့်ပါလို့ပြောချင်ပါ တယ်’’ ဟု ၀တ်မှုံရွှေရည်က ပြော သည်။
No comments:
Post a Comment