Tuesday, June 25, 2019

ဗီယက်နမ် ဘမ်ဘူးလေကြောင်း လေယာဉ် ၃၀ အထိတိုးချဲ့ရန်ခွင့်ပြုချက်

ဗီယက်နမ်မှ ဘမ်ဘူးလေကြောင်းလိုင်းသည် ၂၀၂၃ အရောက်တွင် လေယာဉ်စင်းရေ ၃၀ အထိ တိုးချဲ့ပြေးဆွဲရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်သည်။ နိုင်ငံ၏အသစ်လွင်ဆုံးလေကြောင်းဖြစ်သည့် ဘမ်ဘူးလေကြောင်းကို ယခုနှစ် ဇန်နဝါရီကမှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လေယာဉ် ၁၀ စင်း အသုံးပြုလျက်ရှိသည်။ လာမည့်လေးနှစ်အတွင်း လေကြောင်းလိုင်း၏လုပ်ငန်းများ တည်ငြိမ်စွာဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန် အနည်းဆုံး ဂျက်လေယာဉ် ၂၅ စီးမှ အစီး ၃၀ အထိ လိုအပ်ကြောင်း ဝန်ကြီးဌာနက သဘောတူခဲ့ခြင်းဖြစ်သည်။



ဗီယက်နမ်လေကြောင်းဈေးကွက်သည် ၂၀၁၃ တိုင်အောင် ဖွံ့ဖြိုးတိုးတက်နေမည့်အခြေအနေရှိပြီး ဘမ်ဘူးလေကြောင်းအတွက် လေယာဉ်တိုးချဲ့ခွင့်ကို ဝန်ကြီးဌာနအပြင် စီအေအေဗွီ ခေါ် ဗီယက်နမ် မြို့ပြလေကြောင်း အာဏာပိုင်နှင့် အခြားအေဂျင်စီများ၏ ခွင့်ပြုချက်လိုအပ်ဆဲဖြစ်သည်။

လေကြောင်းလိုင်းသည် လေယာဉ်များအတွက် လိုအပ်သည့်ဝန်ထမ်းများ၊ လုံခြုံရေးနှင့်ဘေးကင်းရေး ပြည့်ဝစွာ ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးဌာနထံတင်ပြရမည်ဖြစ်ကာ နောက်ဆုံး အဆုံးအဖြတ်ကို ဝန်ကြီးချုပ်က ချမှတ်ပေးမည် ဖြစ်သည်။

ဗီယက်နမ်တွင် လေကြောင်းလိုင်းငါးခုရှိပြီး ၂၀၂၃ ခုနှစ်၌ လေယာဉ်ပေါင်း ၃၄၀ ခန့် အသုံးပြုရန်ခန့်မှန်းရာ လက်ရှိလေယာဉ်အရေအတွက်၏ နှစ်ဆဖြစ်ကြောင်း အစိုးရစာရင်းများအရ သိရသည်။

နိုင်ငံအလံတင် ဗီယက်နမ် လေကြောင်းလိုင်းနှင့် ဈေးချိုလေကြောင်း ဂျက်စတားပစိဖိတ်တို့သည် ゞင်းတို့လေယာဉ်အရေအတွက်ကို ၁၅၅ - ၁၆၀ အထိ တိုးမြှင့်ရန် ရည်မှန်းပြီး ဗီယက်ဂျက်က ၁၀၂- ၁၀၆ စင်းသို့ တိုးမြှင့်ရန် ရည်မှန်းသည်။ ゞင်းလေကြောင်းလိုင်းသုံးခုသည် လက်ရှိလေယာဉ် အနည်းဆုံး ၇၄ စီးမှ အများဆုံး ၈၃ စီးထိ ရှိကြသည်။

ဘမ်ဘူးလေကြောင်းလိုင်းသည် လွန်ခဲ့သည့်ခြောက်လအတွင်း ခရီးစဉ် ၆၆၀၆ ခု ပျံသန်းခဲ့ကာ ခရီးသည်ရှစ်သိန်း ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးစဉ်တိုင်းတွင် ခရီးသည်ရရှိမှု ရာခိုင်နှုန်း ၈၀ မှ ၉၀ အထိ ရှိခဲ့ကြောင်း လေကြောင်းလိုင်းစာရင်းများအရ သိရသည်။

No comments:

Post a Comment