Tuesday, June 25, 2019

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ် မိတ်ဆက်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ် မိတ်ဆက်ပွဲကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးလေဆိပ်ခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို နှင့် ဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံခရီးသွားသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း Chief Executive Officer Captain သန်းထွန်းက ခရီးစဉ်သစ်အကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။



မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(Domestic Terminal 3) မှ မကွေးမြို့သို့ ဇွန် ၂၅ ရက်မှ စတင်ကာ အင်္ဂါနေ့နှင့် စနေနေ့တိုင်း ၁ ပတ်လျှင် ၂ ကြိမ် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။

မကွေးမြို့သို့ ပျံသန်းရာတွင် ATR 72-600 လေယာဉ်ဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး အင်္ဂါနေ့တွင် ရန်ကုန်မှ နံနက်(၆ နာရီ ၃၀ မိနစ်)၊ မကွေးမှ နံနက် (၉ နာရီ ၅၅ မိနစ်)၊ စနေနေ့တွင် ရန်ကုန်မှ နံနက်( ၆ နာရီ ၃၀ မိနစ်)၊ မကွေးမှ နံနက်( ၁၁ နာရီ ၃၀ မိနစ်) အချိန်များ၌ ပြေးဆွဲမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်နှုန်းထားမှာ ရန်ကုန်-မကွေး-ရန်ကုန် အသွားအပြန်ခရီးစဉ်အတွက် ကျပ် (၁၁၈၀၀၀)ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ရှေးဟောင်းမြေနေရာအချို့၌ ရှေးဟောင်းပစ္စည်း အသုံးအဆောင်များ တူးဖော်ရောင်းချသူ များပြားနေသဖြင့် ထိရောက်စွာ အရေးယူရန် လိုအပ်ဟုဆို

No comments:

Post a Comment