Tuesday, June 25, 2019

စာပေချစ်မြတ်နိုးသည့် ကျောင်းသား/ကျောင်းသူများအား စာအုပ်ပြပွဲပြုလုပ်ပေး

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိသော သုတ/ရသ စာအုပ်များ ရှာဖွေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊စာပေကို ပိုမိုချစ် မြတ်နိုးလာစေရန်နှင့်အသိပညာ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ အဆိုပါ စာအုပ်ပြပွဲကို ဇွန်လ ၂၁ ရက်နေ့ နံနက် ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။



ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးကိုယ်စား စာထောက်(၃) -ဒေါ်သက်အိလှိုင် က စာဖတ်ခြင်း၏ရရှိသောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာသို့ (အ.ထ.က)သရက်ချောင်းကျောင်းမှ စာအုပ်စာပေချစ်မြတ်နိုးသည့် (ထက်၊လယ်၊မူ) ကျောင်းသား/ကျောင်းသူ (၅၀)ဦးခန့်တက်ရောက်ကြပြီး Community Centre အတွင်း ခင်းကျင်းပြသထားသည့် သုတ၊ရသစာအုပ် စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment