Tuesday, June 25, 2019

လာမည့်နိုဝင်ဘာ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရာတွင် Tablet များအသုံးပြု၍ စက္ကူမဲ့စနစ်ဖြင့် ကောက်ခံမည်

လာမည့်နိုဝင်ဘာလတွင် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်မည့် ကြားဖြတ်သန်ခေါင်းစာရင်းကောက်ယူရာ၌ စာရွက်စာတမ်းဖြင့်မဟုတ်ဘဲ Tablet များကိုအသုံးပြု၍ စက္ကူမဲ့စနစ်ဖြင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက်အသုံးပြုမည့်မေးခွန်းပုံစံတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက နေပြည်တော်သင်္ဂဟိုတယ်တွင်ပြုလုပ်သည်။



"နိုင်ငံတကာအဖွဲ့အစည်းတွေက အခြားနိုင်ငံအဖွဲ့အစည်းတွေမှာ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရင်ဘယ်လိုဆောင်ရွက်တယ်၊ ဘယ်လိုနည်းပညာတွေအသုံးပြုတယ်၊ ဘယ်လိုအချက်တွေကိုအဓိကထား ကောက်ယူတယ်ဆိုတာတွေကို နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေက အကူအညီပေးမျှဝေပါတယ်။ အခမ်းအနားလုပ်တဲ့အခါမှာလည်း ငွေကြေးအကူအညီပေးပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းကို အရင်တုန်းကလို စာရွက်နဲ့ကောက်မှာမဟုတ်ဘဲ Tablets တွေနဲ့ကောက်မှာဖြစ်ပါတယ်။ နောက် CAPI လို့ခေါ်တဲ့စနစ်နဲ့ကောက်မှာဖြစ်တဲ့အတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီပေါ့။ အဲဒီအတွက် သင်တန်းတွေပေးနေပါပြီ။ တိုင်းနဲ့ပြည်နယ်တွေမှာကောက်ကွက်တွေသတ်မှတ်ပြီးတော့ မြေပုံလည်းရေးစွဲထားပါပြီ”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

ကြားဖြတ်သန်းခေါင်စာရင်းဟုဆိုသော်လည် လ၀က၏လိုအပ်ချက်အတွက်သာမဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံစီးပွားဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန အစရှိသည့်ဝန်ကြီးဌာနတွေများအတွက် လိုအပ်သည့်အချက်အလက်များကိုလည်း အကြံပြုဖြည့်သွင်းပြီး အချက်အလက်ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းဟာ နောင်လာမဲ့သန်းခေါင်စာရင်းကောက်ယူမှုအတွက် အထောက်အကူဖြစ်စေပါမယ်။ လက်ရှိအနေအထားမှလည်း တိကျတဲ့အချက်အလက်တွေရရှိသွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောသည်။

ကြားဖြတ်သန်းခေါင်စာရင်းကောက်ခံခြင်းကို တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိလျာထားချက်အရ ကောက်ကွက် ၄၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါကောက်ကွက် ၄၀၀၀ ကျော်အနက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွင် မကောက်ခံနိုင်သည့်ဒေသများလည်းပါဝင်ကြောင်း၊"ဝ"နှင့် မိုင်းလားဒေသများတွင်လည်း ကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

No comments:

Post a Comment