Tuesday, June 25, 2019

လူသုံးဦးကိုသတ်၍ အလောင်းဖျောက်သည့် ရာအိမ်မှူးနှင့် အပေါင်းအပါကို ဖမ်းဆီး

တွံတေးမြို့နယ်တွင် လူ သုံးဦးကိုသတ်ပြီး အလောင်း ဖျောက်သော ရာအိမ်မှူးအပါအ ဝင် ကိုးဦးအနက် နှစ်ဦးကို ရဲတပ် ဖွဲ့က ဖမ်းဆီးထားသည်။  တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာနေ အသတ်ခံရသူ သိန်း ဇော်ဦးအပါအဝင် လေးဦးသည် ဇွန်လ ၂၁ ရက် ည ၁၀ နာရီက ဝိုင်းဖွဲ့၍ အရက်သောက်နေစဉ် ရာအိမ်မှူးနှင့်အဖွဲ့ရောက်လာပြီး ရဲစခန်းသို့ ခေါ်ဆောင်ရာမှ လမ်းတွင် လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သိန်းဇော်ဦးတို့သည် လွန်ခဲ့ သော ငါးရက်က လူသတ်မှုနှင့် ပတ်သက်သူတစ်ဦး၏ နေအိမ် ပေါ်သို့တက်ရောက်ကာ ကလေး တစ်ဦးကို ဓားထောက်ခြိမ်း ခြောက်ခဲ့ကြောင်း၊ ရာအိမ်မှူး ဖိုးထောင်ကို ဓားဖြင့်လိုက်ခုတ် ပြီး လေးခွဖြင့်ပစ်ခတ်ခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

ထိုသို့ ဓားကိုင် ခြိမ်းခြောက် မှုများကို မကျေနပ်၍ ရာအိမ်မှူး နှင့်အဖွဲ့က ဇွန်လ ၂၁ ရက်ညတွင် သိန်းဇော်ဦး၏ အိမ်ပေါ်သို့ တက်ရောက်ကာ နေအိမ်မှန်ပြ တင်းပေါက်များကို ဓားဖြင့်ခုတ် ပြီး အရက်ထိုင်သောက်နေသော သိန်းဇော်ဦးအပါအဝင် လေးဦးကို ရဲစခန်းသို့ ပို့အပ်ရန် ခေါ်သွား သည်ဟု ဆိုသည်။

‘‘ဒါပေမဲ့ ရဲစခန်းပို့ရင်လည်း ပြန်လာရင် သူတို့ကို ရန်ရှာဦးမယ် ဆိုပြီး သူတို့ဘာသာအပြီးရှင်းမယ် ဆိုပြီး အဲဒီလိုလုပ်လိုက်တာလို့ သိရပါတယ်’’ ဟု တွံတေးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြော သည်။

ရာအိမ်မှူးနှင့် အပေါင်းအပါ တို့က သိန်းဇော်ဦးအပါအဝင် လေးဦးကို နှစ်ယောက်တစ်တွဲစီ ကြိုးတုပ်၍ စက်လှေတစ်စီးဖြင့် တွံတေးတူးမြောင်းအတွင်းသို့ ခေါ်ဆောင်လာကြောင်း၊ ယင်းနောက် သိန်းဇော်ဦးအပါအဝင်သုံးဦးကို ဓားဖြင့်ဝိုင်းခုတ်ပြီး တူးမြောင်းအတွင်း ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ရဲ မှတ်တမ်းကဆိုသည်။

ကျန်တစ်ဦးကိုမူ ရာအိမ်မှူး အဖွဲ့က ၎င်းတို့နှင့်ဆွေမျိုးတော် စပ်၍ ထိုးကြိတ်ဆုံးမပြီး ပြန်လွှတ် ပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘သတ်တဲ့သူတွေက လူမိုက် တွေတော့ မဟုတ်ပါဘူး။ သေ သွားတဲ့သူတွေက ရွာမှာဆိုးသွမ်း ကြတယ်။ တရားခံဘက်က သား ကိုပါဓားနဲ့ထောက်ပြီး ခြိမ်း ခြောက်တာကို မကျေနပ်တာနဲ့ သူတို့က နောက်အုပ်စုဖွဲ့ပြီး ပြန် ပြီးကလဲ့စားချေတဲ့ ပုံစံမျိုးပြန်လုပ် တာပေါ့’’ ဟု ဒေါက်တာကျော်ဇင် ဦးက ပြောသည်။

‘‘ကျန်တဲ့သူတွေကို လိုက် ဖမ်းနေတုန်းပဲရှိသေးတယ်။ မမိ သေးပါဘူး။ ရဲတပ်ဖွဲ့ထုတ်ပြန် ထားတဲ့ အတိုင်းပါပဲ။ တစ်ဖက်က ခြိမ်းခြောက်ခံရတာကို မကျေနပ် ပြီး ပြန်လုပ်တာပေါ့’’ ဟု တွံတေး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အသတ်ခံရသူသုံးဦး၏ အ လောင်းများကို ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တွင် တွံတေးတူးမြောင်း အတွင်းမှ ဆယ်ယူရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ ရာအိမ်မှူးအပါအဝင် ကိုးဦးကို တွံတေးမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂/ ၃၆၄/ ၄၅၂/ ၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

No comments:

Post a Comment