Tuesday, June 25, 2019

"ICCPR အပိုဒ် ၂၄၊ အပိုဒ်ခွဲ ၈ နှင့် အနာဂတ် ပြည်ဖျက်မည့် လက်မှတ်များ"

ကျွန်တော် အလုပ်တွေရှိပါတယ်။ အလုပ်တွေရှိနေလင့်ကစား တိုင်းပြည်အတွက် အရေးကြီးတဲ့အချက်အလက်တွေဖြစ်တာကြောင့် ICCPR လို့ခေါ်တဲ့ International Covenant on Civil and Political Rights (လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်)အဖွဲ့ကြီးရဲ့ Article 24 က clause 8 မှာ ပါတဲ့ ပြဋ္ဌာန်းချက်ထဲကအောက်ပါစာသားတွေကို ဘာသာပြန်ပေးလိုက်ပါတယ်။
While the purpose of this provision is to prevent a child from being afforded less protection by society and the State because he is stateless, it does not necessarily make
it an obligation for States to give their nationality to every child born in their territory.



ကလေးသူငယ် တစ်ယောက်သည် တိုင်းပြည်မဲ့ဖြစ်နေသဖြင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံများက ယင်းကလေးအား အကာအကွယ်ပေးမှု လျော့နည်းခြင်းကိုတားဆီးကာကွယ်ရန်ရည်ရွယ်၍ ဤပြဋ္ဌာန်းချက်ကို သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း နိုင်ငံများ၏ နယ်နမိတ်ပိုင်နက်အတွင်း မွေးဖွားသည့်ကလေးမှန်သမျှကို နိုင်ငံသားအဖြစ်ရရှိရေး မဖြစ်မနေ ခွင့်ပြုပေးရန်
နိုင်ငံများ (အစိုးရများ) တွင်တာဝန်မရှိပါ။

However, States are required to adopt every appropriate measure, both internally and in cooperation with other States, to ensure that every child has a nationality when he is born.

သို့သော် ကလေးသူငယ်တိုင်းသည် ၄င်းတို့မွေးဖွားသည့် အချိန်တွင် နိုင်ငံသားဖြစ်ခွင့် ရရှိရေး အတွက်တိကျ သေချာအောင် ဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်သော နည်းလမ်းမှန်သမျှကို ပြည်တွင်း၌ ဖြစ်စေ အခြားနိုင်ငံများနှင့် ပူးပေါင်း၍ဖြစ်စေ နိုင်ငံများက လက်ခံကျင့်သုံးဆောင်ရွက်ရမည်။

In this connection, no discrimination with regard to the acquisition of nationality should be admissible under internal law as between legitimate children and children born out of
wedlock or of stateless parents or based on the nationality status of one or both of the parents.

ယင်းသို့ ဆောင်ရွက်ရာတွင် တရားဝင်လက်ထပ်ထားသော မိဘများမှ မွေးဖွားသည့် ကလေးများနှင့် တရားဝင် လက်ထပ်ပေါင်းသင်းခြင်း မရှိသော မိဘများမှမွေးဖွားသည့်၊ သို့မဟုတ် နိုင်ငံမဲ့မိဘများမှမွေးဖွားသည့်၊ သို့မဟုတ် မိဘတစ်ဦးဖြစ်စေ နှစ်ဦးစလုံးဖြစ်စေ ၄င်းတို့၏ နိုင်ငံသားရရှိမှုအခြေအနေပေါ်ကိုအခြေခံသည့် ကလေးငယ်များကြား ပြည်တွင်း ဥပ
ဒေအရ (သတ်မှတ်ထားသော) နိုင်ငံသားဖြစ်မှုကြိုးပမ်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် မည်သည့် ခွဲခြားဆက်ဆံမှုကိုမှခွင့်ပြုလက်ခံနိုင်မည်မဟုတ်ပါ။

The measures adopted to ensure that children have a nationality should always be referred to in reports by States parties.

ကလေးသူငယ်များ နိုင်ငံသားအဖြစ် ရရှိရေး တိကျသေချာအောင်ဆောင်ရွက်ရန်အလို့ငှာ လက်ခံကျင့်သုံးသည့်ဆောင်ရွက်မှုများနှင်ပတ်သက်၍ အစီရင်ခံစာများတွင် အစိုးရများ၏ နာမည်နှင့်တကွ ရည်ညွှန်းထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ဆိုတော့ ဒီ Article 24 က clause 8 မှာ ပါတဲ့ ပြဋ္ဌာန်းချက်ထဲက စာသားတွေဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းအစွပ်ခံရမယ့်စာသားတွေဖြစ်နေပါတယ်။

ကလေးတွေမိမိပိုင်နက်မှာမွေးရုံနဲ့ နိုင်ငံသားဖြစ်ဖို့တာဝန်မရှိဘူးလို့လည်း ပြောထားတယ်၊ တပြိုင်တည်းမှာပဲ ကလေးတွေဟာ သူတို့မွေးတဲ့အချိန်မှာနိုင်ငံသားအဖြစ်ရရှိအောင် ဘာဥပဒေအရ ဖြစ်ဖြစ်ဘာမှခွဲခြားမှုမရှိဘဲ ဆောင်ရွက်ပေးရမယ်လို့လည်း ဖော်ပြထားတယ်။

ဒီတော့ မျက်စိထဲမြင်အောင် အရှင်းဆုံးပြောမယ်။ အခု ခေါ်ယူမွေးစားလိုက်တဲ့ကလေးတွေက နိုင်ငံသား မဟုတ်ဘူးလို့ပဲ ထားလိုက်ပါတော့။ ဒါပေမဲ့အဲဒီကလေးတွေ ၁၈ နှစ်ကျော်ပြီးလက်ထပ်ထိမ်းမြားလို့ပဲကလေးရရ၊ လက်မထပ်ဘဲ ဘွတ်စမန်ပေးပြီးတော့ပဲ ကလေးရရ အဲဒီရတဲ့ကလေးတွေကို နိုင်ငံသားဖြစ်အောင်လုပ်ပေးဖို့ အဲဒီနိုင်ငံကအစိုးရမှာ တာဝန်ရှိတယ်၊ အဲဒီလိုလုပ်ပေးရမှာလည်း ဘယ်လိုနည်းနဲ့မှ/ ဘာ ဥပဒေနဲ့မှ ခွဲခြားဆက်ဆံတာမျိုးမလုပ်ရဘူးလို့ပြောတာ။

ဆိုတော့ ICCPR ကို လက်မှတ်ထိုးလိုက်တာနဲ့အခုကျွန်တော်တို့ပြောနေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ အဲဒီကလေးတွေအတွက် အသက်မဝင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။

ကိုင်း ကလေးသူငယ် ဥပဒေဆိုတာကြီးကတော့ပြဋ္ဌန်းပြီးသွားပြီလို့ဆိုတယ်။ ICCPR ကို လက်မှတ်ထိုးသင့်သလား မထိုးသင့်ဘူးလားဆိုတာ စဉ်းစားစရာတောင် လိုမယ်မထင်ဘူး။ တကယ်လို့ ICCPR လက်မှတ်ထိုးဖို့ အတင်းစိုင်းပြင်းဆောင်ရွက်နေတယ်ဆိုရင် ဖြစ်နိုင်ခြေက လေးမျိုးလောက်ရှိတယ်။

၁။ လစ်ဘရယ်ကြောင် ကြောင်ခြင်း
၂။ အစ္စလာမ် ဘာသာဝင်များဆီက မဲပိုမိုရရှိရန်အတွက် ကြိုးပမ်းခြင်း
၃။ တပ်မတော်နဲ့ အမျိုးသားရေးသမားများကို ကန့်လန့်တိုက်ခြင်း
၎။ တစ်ဦးချင်းအကျိုးစီးပွားအရ မမြင်နိုင်သည့်လက်များဆီမှ ကိုယ်ကျိုးစီးပွား အခွင့်အရေး တစ်ခုခု ရရှိခံစားခွင့်ရနေခြင်း

ဆိုတော့ ဒီသုံးချက်ထဲက တစ်ခုခုကြောင့်ဖြစ်နိုင်သလို အချက်နှစ်ခုသုံးခုကြောင့်လည်းဖြစ်နိုင်တယ်၊ ဒါမှမဟုတ် လေးချက်စလုံးကြောင့်လည်းဖြစ်နိုင်ပါတယ်။ အခု ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်တဲ့ ကလေးသူငယ်ဥပဒေအရ မည်သည့်ကလေးကိုမဆိုမွေးစားလို့ရသွားပြီ။ ဒါက ပထမအဆင့်။

အဲဒီမွေးစားထားတဲ့ကလေးတွေ နိုင်ငံသားချက်ချင်းမဖြစ်သေးဘူး ထားလိုက်ဦး။ ICCRP လက်မှတ်ထိုးထားတယ်ဆိုရင် သူတို့ ၁၈ နှစ် ဝန်းကျင်မှာ ဒီနိုင်ငံထဲမှာ ဘယ်လိုနည်းနဲ့ပဲကလေးမွေးမွေး အဲဒီကလေးကို နိုင်ငံသားအခွင့်အရေးရအောင် ဆောင်ရွက်ပေးဖို့ အစိုးရမှာတာဝန်ရှိတယ်။ ဖြစ်နိုင်သမျှ နည်းလမ်းတွေကိုအသုံးပြုရမယ်လို့ဆိုတယ်။

ကိုင်း ...... အေးချမ်းပါစေ မြန်မာပြည်။
မှတ်ချက် - ရှဲချင်ရှဲ၊ ကော်ပီယူချင်ယူပါ။ လက်လှမ်းမီရာ မိမိပတ်ဝန်းကျင်က ပြည်သူကိုရှင်းပြပါ။ NLD ကို ဆန့်ကျင်ဖို့ပြောနေတာ မဟုတ်ပါ။ ကလေးသူငယ် ဥပဒေနဲ့ ICCPR လက်မှတ်ထိုးလိုက်ရင် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို နားလည်အောင် လို့ ရှင်းပြစေချင်တာပါ။

No comments:

Post a Comment