စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်ဦးမြို့နယ် သုံးပန်လှကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော် ၂၄ ဆူ ပျောက်ဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ညနေ ၄ နာရီခန့်တွင် မုံရွာခရိုင်ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာအနီးရှိစေတီတော်တိုက် သမ္ဗူလဝင်းအတွင်းရှိ အလိုတော်ပြည့်ဘုရား လှိုင်ဂူအတွင်းမှ စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဘုရားဆင်းတုတော် ၃ ဆူ၊
နှစ်ကျိတ်ရှစ်ဆူဘုရားလှိုင်ဂူတော်အတွင်းမှ စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဘုရားဆင်းတုတော် ၂၁ ဆူ စုစုပေါင်း စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဘုရားဆင်းတုတော် ၂၄ ဆူ တန်ဖိုး ငွေကျပ် ၂၂ သိန်းကျော် ပျောက်ဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် သုံးပန်လှကျေးရွာ ဂေါပက ဦးကျော်ခိုင်က ချောင်ဦးမြို့နယ် အမြင့်နယ်မြေရဲကင်းစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။ အမြင့်နယ်မြေရဲစခန်းမှုး ဒုရဲအုပ် ကျော်ကျော်မှ ဘုရားဆင်းတုတော်များ ခိုယူသူအား ဖမ်းမိရေးအတွက် နယ်မြေခံပြည်သူများနှင့်ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment