Tuesday, June 25, 2019

ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့်မလွတ်သည့် အောင်တော်မူရုပ်ပွားတော်အားဖယ်ရှားပြီး ပုံစံတူရုပ်ပွားတော်တစ်ဆူ ကျန်စစ်သားရပ်ကွက်တွင် အစားထိုးပြန်လည်တည်ထားပေးခဲ့

ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်း သည့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ အောင်တော်မူ ရုပ်ပွားတော်အား စတင်ဖယ်ရှားနေပြီး ကျန်စစ်သား ရပ်ကွက်တွင် ပုံစံတူရုပ်ပွားတော်တစ်ဆူအား ဆောက် လုပ်ရေးဝန်ကြီးဌာနက အစားထိုးပြန်လည်တည်ထား ပေးကြောင်း ကမာကဆစ် အနောက်ကျောင်းတိုက် ဆရာတော်ဦးဧသိကက ဇွန် ၂၄ ရက်က မိန့်ကြားသည်။ အဆိုပါရုပ်ပွားတော်ကို အလှူရှင်တစ်ဦးက ၂၀၁၂ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တံတားတည် ဆောက်ရန်မြေနေရာတိုင်းတာရာ မလွတ်ကင်းသည့် အတွက် အစည်းအဝေးပြုလုပ်ရာ ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများ၏သဘောတူညီချက်အရ ဖျက်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။
"ရုပ်ပွားတော် ရွှေ့ပြောင်းဖို့အတွက် ဒီကျောင်းမှာပဲ အစည်းအဝေးလုပ်ကြတာပါ။ ဒီတံတားစီမံကိန်းက ဒီဘက်ဒေသရဲ့ဖွံ့ဖြိုး ရေး။ ဒီဘက်တင်မကပါဘူး၊ ဧရာဝတီတိုင်းဘက် တွေအထိ ဖွံ့ဖြိုးဖို့အတွက်ဆိုတော့ ဦးဇင်း တို့က အနစ်နာခံပြီးတော့ ဆန္ဒပေးခဲ့ရတာပါပဲ။ အဆောက်အအုံတွေလည်း ဖျက်ပေးရတယ်။ဖျက်ပေးရတဲ့အခါကျတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကျောင်းဆောင်တွေကို အစား ထိုးပြန်ဆောက်ပေးတယ်။ ရုပ်ပွားတော်ကြီး လည်း အစားထိုးပြန်တည်ပေးပါတယ်။ အခု ကိစ္စနဲ့ပတ်သက်ပြီး အလှူရှင်တွေဘက်ကရော ဦးဇင်းတို့ဘက်ကရော ဆရာတော်ရဲ့သဘော ထားအတိုင်းပါပဲ"ဟု ဆရာတော်ဦးဧသိကက မိန့်ဆိုသည်။

ပြီးစီးလုနီးပါး
ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုန်ကျ စရိတ်ကျခံကာ ဖျက်သိမ်းပေးခဲ့ရသည့်ရုပ်ပွား တော်အပါအဝင် သာသနိကအဆောက်အအုံ များကို ကျန်စစ်သားရပ်ကွက် မြဝတီမင်းကြီး လမ်းမကြီးပေါ်တွင် မြေနေရာအစားထိုးပေး ကာ အကုန်အကျခံ ဆောက်လုပ်ပေးထားပြီး လက်ရှိတွင်ရုပ်ပွားတော်အသစ် ပြီးစီးလုနီးပါး ဖြစ်ကြောင်း သိရသည်။

အများပြည်သူတိုးတက်ရေး
မူလရုပ်ပွားတော်ဖျက်သိမ်းရေးအတွက် ဆရာတော်သံဃာတော်များကပင် ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူဘဝတိုးတက် ရေးအတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။ ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန် „ဒလ တံတားစီမံကိန်းကို မြေပြင်လုပ်ငန်းများ လုပ်ဆောင်ထားပြီး ဒလဘက်အခြမ်းစတင်တည် ဆောက်မှုကို ဇွန် ၂၈ ရက် နံနက်တွင် ပြုလုပ် မည်ဖြစ်ကာ ရန်ကုန်ဘက်အခြမ်းကို စက်တင် ဘာတွင် စတင်မည်ဖြစ်သည်။

No comments:

Post a Comment