Tuesday, June 25, 2019

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရသဖြင့် မိမိကိုယ်ကိုကိုယ်သတ်သေခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကိုကျော်ဇင်ဝင်းသေဆုံးမှုနှင့် ပတ်သက်ပြီး စိစစ်ဖြေရှင်းပေးမည်ဟု Myanmar Imperial University ထုတ်ပြန်

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရသဖြင့် မိမိကိုယ်ကိုကိုယ်သတ်သေခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကိုကျော်ဇင်ဝင်းသေဆုံးမှုနှင့် ပတ်သက်ပြီး စိစစ်ဖြေရှင်းပေးမည်ဟု Myanmar Imperial University က Facebook Page မှတစ်ဆင့် ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။   ထို့ပြင် ကွယ်လွန်သွားသော မောင်ကျော်ဇင်ဝင်းနှင့် ၄င်းကိုချစ်ကြသူများ၏ စိတ်ခံစားမှုကို ထပ်တူနားလည် ခံစားမိသည့်အတွက် MIU မှတာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံး အကောင်းဆုံး ရပ်တည်စီမံပြီး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။



ဆက်လက်၍ Myanmar Imperial University မှာ တာဝန်ထမ်းဆောင်နေသော မောင်ကျော်ဇင်ဝင်း၏ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်ကို MIU ကျောင်းတည်ထောင်သူ ကိုဖြိုးမောင်၊ မပို့၊ ကျောင်းအုပ်ချုပ်မှု အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအားလုံးမှ ရင်နှင့်အမျှ စိတ်မကောင်း ဝမ်းနည်းမိကြောင်း၊ ယခုအဖြစ်အပျက်များကို သိသိချင်း ကျောင်းတည်ထောင်သူ နှစ်ဦးနှင့် ကျောင်းမှအုပ်ချုပ်သူများမှ မောင်ကျော်ဇင်ဝင်းရဲ့ မိသားစုဝင် အုပ်ထိန်းသူများကို သွားရောက်ဖေးမ တွေ့ဆုံပြီး လိုအပ်သည်များကို ယခုချိန်အထိ အကောင်းဆုံးဖေးမ ကူညီပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ယခုလိုမျိုး လူမှုကွန်ယက်များပေါ် ဖြစ်ပွားသွားခဲ့သည်များအပေါ် MIU ကျောင်းတာဝန်ရှိသူအားလုံး အနေဖြင့် ရင်နှင့်အမျှ စိတ်မကောင်းဖြစ်ရကြောင်း၊ ကျောင်းမှ မိသားစုဝင်တစ်ယောက် ဆုံးရှုံးရတဲ့အပေါ် ဝမ်းနည်းကြေကွဲမိကြောင်း ထုတ်ပြန်သည်။

ယခုအချိန်တွင် မောင်ကျော်ဇင်ဝင်းရဲ့ ကျန်ရစ်သူမိသားစုများအပေါ် ငှဲ့ညှာသောအားဖြင့် လူမှုကွန်ယက်တွင် ကွယ်လွန်သွားသော MIU မိသားစုဝင် မောင်ကျော်ဇင်ဝင်းနှင့် ကျန်ရစ်သူ မိသားစု၏ စိတ်ခံစားချက်ကို ထိခိုက်စေသော ပြောဆိုမှုများကို ကူညီစာနာပြီး တွေးတောပေးကြပါရန်အတွက် ညှိုးငယ်သော စိတ်ထားဖြင့် မေတ္တာရပ်ခံ အပ်ပါကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment