Tuesday, June 25, 2019

ဦးကိုနီအမှု တရားခံနှစ်ဦးကို ပြစ်ဒဏ်များ တိုးမြှင့်ပေးရန် လျှောက်ထားမှု နှစ်ဖက်ကြားနာ ဇေယျာဖြိုးကို သေဒဏ်ထိုက်စေသည့် ပုဒ်မဖြင့် အမိန့်ချပေးရန် တောင်းဆို

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ် ကြံခံရမှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံထားရသော တရားခံ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းကို ပြစ် ဒဏ်များတိုးမြှင့်ပေးရန် လျှောက်ထားမှုကို ယမန် နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဖက်ကြားနာမှုများ ပြုလုပ်ခဲ့သည်။  ထောင်ဒဏ်ငါးနှစ်သာ ချမှတ်ထားသော ဇေယျာဖြိုးကို မူလစွဲချက်တင်ထားသော သေ ဒဏ်ထိုက်စေသည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် ပြစ်ဒဏ်တိုးမြှင့် ချမှတ်ပေးရန် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံး၊ ဦးကိုနီ၏ ရှေ့နေနှင့် ဦးနေဝင်း၏ ရှေ့နေတို့က ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထားတင်ပြခဲ့သည်။



ထို့အပြင် ဦးနေဝင်း၏ ရှေ့ နေက ထောင်ဒဏ်သုံးနှစ်သာ ချမှတ်ခံရသော အောင်ဝင်းထွန်း ကိုလည်း ပြစ်ဒဏ်များ တိုးမြှင့် ချပေးရန် တိုင်းတရားလွှတ်တော် ထံ လျှောက်ထားခဲ့သည်။

ဇေယျာဖြိုးသည် သေဒဏ် ထိုက်စေသည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် စွဲချက်တင်ခံရသော် လည်း နောက်ဆက်တွဲပုဒ်မ (၂၀၁) ပြောင်းလဲပြီး ထောင်ဒဏ် ငါးနှစ် ချမှတ်ခြင်းမှာ တရားမျှတ မှုမရှိကြောင်း ဦးကိုနီ၏ ရှေ့နေ ဦးခင်မောင်ဌေးက လျှောက်ထား တင်ပြသည်။

ထို့အပြင် ဇေယျာဖြိုးသည် တရားခံပြေးဖြစ်နေသည့် အောင် ဝင်းခိုင်၏ ကြံရာပါတစ်ဦးဖြစ် ကြောင်း ရှေ့နေ ဦးခင်မောင်ဌေး က ပြောသည်။ ဦးကိုနီအမှုနှင့် ပတ်သက်ပြီး အောင်ဝင်းခိုင် မည် သို့ကြံစည်နေသည်ကို ဇေယျာဖြိုး က သိရှိကြောင်း ဦးခင်မောင်ဌေး က ဆိုသည်။ အမှုနှင့် ပတ်သက် သည့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်မှုတွင် ဇေယျာဖြိုး လည်း အပါအဝင်ဖြစ်ကြောင်း ၎င်းက ဆက်လက်တင်ပြသည်။

ထို့အပြင် ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့သည် အခင်း မဖြစ်မီ တစ်ရက်တွင် ဖုန်းဆက် သွယ်မှုရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိက ဇေယျာဖြိုးနှင့် ပတ်သက်ပြီး လျှောက်ထားတင်ပြသည်။ ဇေ ယျာဖြိုးက အောင်ဝင်းခိုင်နှင့် အ ကြိမ်ကြိမ်ဆက်သွယ်မှုများရှိခဲ့ ကြောင်း ထပ်မံလျှောက်ထား သည်။

ထို့အပြင် ဇေယျာဖြိုးသည် အမှုတစ်လျှောက်လုံး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ခရိုင် တရားရုံး၏ ပြစ်ဒဏ်က ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ၎င်းက ဆက်လက်တင်ပြသည်။

ထို့ကြောင့် မူလတရားရုံး၏ အမိန့်ကို ပယ်ဖျက်ပြီး ပြစ်ဒဏ် တိုးမြှင့်ချပေးရန် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိက တောင်းဆိုသည်။

ဦးနေဝင်း၏ ရှေ့နေက လည်း ဇေယျာဖြိုးအပြင် ထောင် ဒဏ်သုံးနှစ်သာ ချမှတ်ခံရသော အောင်ဝင်းထွန်းကိုပါ ပြစ်ဒဏ် များ တိုးမြှင့်ချပေးရန် လျှောက် ထားတင်ပြသည်။

ထို့နောက် တရားခံ ဇေယျာ ဖြိုး၏ ရှေ့နေနှင့် အောင်ဝင်းထွန်း ၏ ရှေ့နေတို့ကလည်း အမှုမှာ တရားမျှတမှုမရှိကြောင်း၊ ရာဇ ဝတ်ပြင်ဆင်မှု လျှောက်ထားမှု များကို ပယ်ချပြီး မူလတရားရုံးက ချမှတ်ထားသည့် ပြစ်ဒဏ်များကို လည်း ပယ်ဖျက်ပေးရန် လျှောက် ထားသည်။

‘‘ဇေယျာဖြိုးကို မူလတရား ရုံးက ၂၀၁ (ပထမပိုင်း)နဲ့ ထောင် ငါးနှစ်ချတာဗျာ။ အဲဒါ အမှန် တကယ်တော့ မဖြစ်သင့်တာ။ သူ့ကို စွဲချက်အမိန့်ချထားတာက သေဒဏ်ထိုက်စေတဲ့ ပုဒ်မနဲ့ စွဲချက်တင်ထားတာ။ အဲဒါနဲ့ပဲ အပြစ် ပေးသင့်တာလေ။ အခုက ငါးနှစ် ဆိုတော့ တော်တော်လေးကို လျော့လျော့ပေါ့ပေါ့ ဖြစ်နေတယ် ထင်လို့ ပြင်ဆင်မှုတင်သွင်းတာ ပေါ့’’ဟု ဦးကိုနီ၏ ရှေ့နေ ဦးခင် မောင်ဌေးက ပြောသည်။

 ‘‘ပြင်ပရှေ့နေကြီးတွေက နစ်နာသူတွေရဲ့ ကိုယ်စားတက် တာ။ ပြင်ဆင်မှုမှာ နစ်နာသူတွေ ရဲ့ ကိုယ်စားလည်း တက်ခွင့်ရှိ သလို နိုင်ငံတော်ကလည်း ဒီအမိန့်ကို မကျေနပ်ရင် တက်ခွင့်ရှိတဲ့အ တွက် ပြင်ဆင်မှုတက်တာ။ ကျွန် တော်တို့ဘက်ကကျ အယူခံမှု တက်တာ။ သူတို့ဘက်က တင်ပြ တာကို ကျွန်တော်တို့က လက်မခံ သင့်ဘူးလို့ လျှောက်လဲတင်ပြ တာ’’ဟု အောင်ဝင်းထွန်း၏ ရှေ့ နေ ဦးကျော်ကျော်ထိုက်က ပြော သည်။ တရားလိုဘက်မှ ရာဇဝတ် ပြင်ဆင်မှု သုံးမှုတင်သွင်းထားပြီး တရားခံများဘက်မှ ရာဇဝတ် အယူခံမှု နှစ်မှု တင်သွင်းထားခြင်း ဖြစ်သည်။ ဦးကိုနီ၏ ရှေ့နေ ဦးနေလက ဇေယျာဖြိုး၏ ပြစ် ဒဏ်အပေါ် ရာဇဝတ်ပြင်ဆင်မှု၊ ဦးနေဝင်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်း၏ ပြစ်ဒဏ်အ ပေါ် ရာဇဝတ်ပြင်ဆင်မှုနှင့် တိုင်း ဥပဒေချုပ်ရုံးကလည်း ဇေယျာဖြိုး၏ ပြစ်ဒဏ်အပေါ် ရာဇဝတ်ပြင် ဆင်မှုအတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် လျှောက် လဲတင်ပြခြင်းဖြစ်သည်။ ထို့အပြင် တရားခံ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့၏ ရှေ့နေများကလည်း ရာဇဝတ်အယူခံမှု ပြန်လည် လျှောက်လဲတင်ပြသည်။

No comments:

Post a Comment