Tuesday, June 25, 2019

ချက်သမ္မတနိုင်ငံတွင် ကွန်မြူနစ်ဝါဒကျဆုံးမှုအပြီး အကြီးမားဆုံးဆန္ဒပြမှု၌ ဝန်ကြီးချုပ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆို

ချက်သမ္မတနိုင်ငံတွင် ၁၉၈၉ ခုနှစ်၌ ကွန်မြူနစ်ဝါဒ ကျဆုံးခဲ့အပြီး ဇွန် ၂၃ ရက်တွင် အကြီးမားဆုံးဆန္ဒပြမှု၌ ဧရာမလူအုပ်ကြီးသည် မြို့တော်ပရာ့ဂ်မြို့လယ်တွင် စုဝေးခဲ့ကြပြီး အကျင့်ပျက်ခြစားမှု စွဲချက်များရင် ဆိုင်နေရသော ဝန်ကြီးချုပ် အန်ဒရေးဘာဘက်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ဥရောပကော်မရှင်က ခန့်အပ်သောစာ ရင်းစစ်က ဘာဘက်သည် နိုင်ငံရေးသမား နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ် အကျိုးစီးပွားစပ်ယှက်မှုရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့စဉ် အသက် ၆၄ နှစ်ရှိ ဘာဘက်သည် ဥရောပသမဂ္ဂက ငွေကြေးစိုက်ထုတ်ပေးမှုနှင့် ဆက်နွှယ်သော အရှုပ်တော်ပုံတစ်ခုတွင် ယူရိုနှစ်သန်းနှင့် ဆက်နွှယ်၍ပြီးခဲ့ သောနှစ်တွင် စွဲချက်များ စွဲဆိုခံခဲ့ရသည်။



ဥရောပသမဂ္ဂ၏ စာရင်းစစ်ဝင်မှုတွင် အမှားအယွင်းများရှိခဲ့ကြောင်း ချက်အစိုးရက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ဘာဘက်က အပြောင်းအလဲပြုလုပ်ပေးရန် ငြင်းဆန်ခဲ့သည်။

ဆန္ဒပြမှုအား စီစဉ်ခဲ့သည့် Million Moments for Democracy အဖွဲ့ခေါင်းဆောင် မီကူလက်မီနာက ဆန္ဒပြမှုအား ဝေဟင်မှမှတ်တမ်းတင်ထားသည့် ဓာတ်ပုံများအရ လူပေါင်း ၂၅၀၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ မိုဘိုင်းဆက်သွယ် ရေးကုမ္ပဏီ T – Mobile က အင်တာနက်ကွန် ရက်အချက်အလက်များကို အခြေခံ၍ခန့် မှန်းခြေ လူ ၂၅၈၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

Forbes မဂ္ဂဇင်းက ချက်နိုင်ငံ၏ ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့သော ဘာဘက်သည် ပြီးခဲ့သောမေက ကျင်းပခဲ့သည့် ဥရောပပါလီမန်ရွေးကောက်ပွဲများတွင် အငြင်းပွားစရာများရှိခဲ့သော်လည်း ၎င်း၏ လူအများကြိုက်ဗဟိုဝါဒီ ANO movement ကို ဦးဆောင်ပြီး အနိုင်ရခဲ့သည်။

ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀.၆ သန်း နေထိုင်သော ချက်နိုင်ငံတွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဆောင်ရွက်သွားမည်ဟု မဲဆွယ်ခဲ့ပြီးနောက် ANO သည် ၂၀၁၇ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ပါလီမန်တွင် အမတ်နေရာအများစုရရှိရန် ANO သည် လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်များနှင့် ပူးပေါင်း၍ လူနည်းစုညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းခဲ့သည်။

ကွန်မြူနစ်တစ်ဦးဖြစ်ခဲ့ဖူးသော ဘာဘက်သည် ချက်ကိုစလိုဗားကီးယားနိုင်ငံဟောင်း၌ ၁၉၈၉ ခုနှစ်တွင် ကွန်မြူနစ်ဝါဒ ပျက်သုဉ်းခဲ့ပြီးနောက်ပိုင်း အစိုးရအဖွဲ့၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခွင့်ရသည့် ပထမဆုံးနိုင်ငံရေးသမား ဖြစ်လာခဲ့သည်။

ဥရောပသမဂ္ဂ၏ အထောက်အပံ့ပေးမှု အစီအစဉ်တွင် ပါဝင်ခွင့်ရရန်အတွက် ဘာဘက်က ၎င်း၏လုပ်ငန်းအား Agrofert မှ နုတ်ထွက်ရန်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုအား လိမ်လည်မှုအရှုပ်တော်ပုံနှင့်ပတ်သက်၍ စွဲချက်များစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂက ဘာဘက်အား နိုင်ငံရေးသမားအဖြစ်ရော၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်ပါ ဒွန်တွဲလုပ်ဆောင်မှုကို စုံစမ်းစစ်ဆေးနေသည်။ ဘာဘက်သည် ၁၉၈၀ ပြည့် လွန်နှစ်များတွင် လျှို့ဝှက်ကွန်မြူနစ်ရဲအေး ဂျင့်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ကြောင်းလည်း စွပ်စွဲခံထားရသည်။

No comments:

Post a Comment