Tuesday, June 25, 2019

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။
အသစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်လိုက်သောနှုန်းထားများအရ
- ၃၀ ယူနစ်အထိ = ၁,၀၅၀ ကျပ် (တစ်ယူနစ် ၃၅ ကျပ်)
- ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ = ၁,၀၀၀ ကျပ် (တစ်ယူနစ် ၅၀ ကျပ်)
- ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ = ၁,၇၅၀ ကျပ် (တစ်ယူနစ် ၇၀ ကျပ်)
- ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ = ၂,၂၅၀ ကျပ် (တစ်ယူနစ် ၉၀ ကျပ်)
- ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ = ၅,၅၀၀ ကျပ် (တစ်ယူနစ် ၁၁၀ ကျပ်)
- ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ = ၆,၀၀၀ ကျပ် (တစ်ယူနစ် ၁၂၀ ကျပ်)
- ၂၀၁ ယူနစ်မှ အထက် = ၁၀၀,၀၀၀ ကျပ် (တစ်ယူနစ် ၁၂၅ ကျပ်) ကျသင့်မည်ဖြစ်သည်။

ယခင်သတ်မှတ်ထားသည့် မီတာခနှုန်းထား
- ၁၀၀ ယူနစ်အထိ = ၃,၅၀၀ (တစ်ယူနစ် ၃၅ ကျပ်)
- ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ = ၄,၀၀၀ ကျပ် (တစ်ယူနစ် ၄၀ ကျပ်)
- ၂၀၁ ယူနစ်မှ အထက် = ၄၀,၀၀၀ (တစ်ယူနစ် ၅၀ ကျပ်) များအရ ယူနစ် ၁၀၀၀ အသုံးပြုပါ မီတာခကျသင့်ငွေ ၄၇,၅၀၀ ကျပ်သာရှိမည် ဖြစ်သော်လည်း နှုန်းထားအသစ်အရ ၁၁၆,၅၀၀ ကျပ် ကျသင့်တော့မည် ဖြစ်သည်။

No comments:

Post a Comment