Tuesday, June 25, 2019

ကလေးငယ်များ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်များကို ချစ်မြတ်နိုးစေရေး ကျောင်းများတွင် သင်ကြားပေးရန် ညွှန်ကြား

အနာဂတ်တွင် သဘာဝပတ်ဝန်းကျင် သာယာမျှတစေရေး ကလေးငယ်များ သင်ပင်များနှင့် သဘာဝကိုချစ်မြတ်နိုးတန်ဖိုးထားတတ်ရန် အရေးကြီးသည်။ ကလေးငယ်များ တော ရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ချစ်မြတ် နိုးစေရေး အခြေခံပညာကျောင်း များ၌ သင်ကြားပေးရန် အခြေခံ ပညာဦးစီးဌာနက ဇွန်လနောက် ဆုံးပတ်တွင် ညွှန်ကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ခရီးစဉ်အတွင်း ကလေးငယ်များအား တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ချစ်မြတ်နိုး စေရေး အခြေခံပညာကျောင်းများ ၌ သင်ကြားပေးရန် လမ်းညွှန် ခြင်းကြောင့် ပညာရေးဝန်ကြီးဌာန က အခြေခံပညာကျောင်းများသို့ စာထုတ်ညွှန်ကြားထားသည်။



‘‘နိုင်ငံတော် အတိုင်ပင်ခံ ခရီးစဉ်မှာ ဒီကိစ္စကို ထည့်ပြော သွားတာ ရှိတယ်။ ဒီလိုသစ်ပင် လေးတွေကို ချစ်တဲ့စိတ်၊ တော ရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ် ဖမ်းဆီးတာတွေ မလုပ်သင့်ဘူးဆို တဲ့ စိတ်လေးတွေကို ကလေးဘ၀ က တည်းကရှိအောင် လုပ်ပေးသင့် တယ်လို့ လမ်းညွှန်သွားတယ်။ ကျွန်တော်တို့ ကျောင်းတွေမှာ လည်း သုတရတနာသိုက်စာအုပ် တွေ မနှစ်ကမှ ဖြန့်ထားတာရှိတော့ ဒါလေးကို သင်ထောက်ကူအဖြစ် သုံးသင်ဖို့ပေါ့’’ဟု အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောရိုင်းတိရစ္ဆာန်နှင့် သစ် ပင်ချစ်မြတ်နိုးစေရန် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် ချိတ်ဆက် ၍ သင်ကြားခြင်းများ၊ အခြေခံ ပညာကျောင်းများသို့ ယခင်က တည်းက ဖြန့်ဝေထားသည့် သုတ ရတနာသိုက်စာအုပ်များကို စာ သင်ချိန်များတွင် အသုံးပြုသင် ကြားရန် အခြေခံပညာဦးစီးဌာန က ညွှန်ကြားထားသည်။ ကလေးသူငယ်များအတွက် သုတဆိုင်ရာ မိတ်ဆက်ရေးသား ထားသည့် အင်းဆက်ပိုးများ၊ ၀ါသနာပါရာ အပန်းဖြေစရာ၊ ကမ္ဘာဦးသက်ရှိများ၊ တိရစ္ဆာန်များ၊ သင်္ချာ၊ ရေအောက်သက်ရှိ များ၊ အပင်များ၊ ပို့ဆောင်ရေး ယာဉ်များ၊  အီလက်ထရွန်နစ်နှင့် စွမ်းအင်၊ ယူနီဗာ့စ်နှင့် ရာသီဥတု စသည့် ခေါင်းစဉ်များဖြင့် သုတ ရတနာသိုက်စွယ်စုံကျမ်း ၁၀ တွဲ ကို တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနက ၂၀၁၈ စက်တင်ဘာတွင် အုပ်ရေ ၅,၀၀၀ စီထုတ်ဝေထားပြီး ပညာရေးဝန် ကြီးဌာနက အခြေခံပညာကျောင်း များသို့ ဖြန့်ဝေထားသည်။

No comments:

Post a Comment