Tuesday, June 25, 2019

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့သင်တန်းသစ် ဖွင့်မည်

အစားအသောက်ဆိုင် ရာ အင်ဂျင်နီယာဘွဲ့ (B.E- Food Engineering) သင်တန်းကို  ယခုနှစ်ကစတင်ကာ ရန်ကုန်နည်း ပညာတက္ကသိုလ်တွင် ဖွင့်မည်ဟု  အမျိုးသားပညာရေးမူဝါဒ ကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ပြောသည်။ B.E ‘Food Engineering’ ဘာသာရပ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန် နည်းပညာ တက္ကသိုလ်၌ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း ကာလ ခြောက်နှစ်တက်ရောက်ရ မည်ဖြစ်သည်။



၂၀၁၉-၂၀ ပညာသင်နှစ် ဒီဇင်ဘာကျောင်းဖွင့်ချိန်ကစကာ ထိုဘွဲ့သင်တန်းအသစ် ဖွင့်မည်ဖြစ်ရာ ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊သင်္ချာ၊ အင်္ဂလိပ်စာဘာသာရပ်  လေးခု စုစုပေါင်းရမှတ် ၃၂၀ အ ထက်ရှိသူများ လျှောက်ထားနိုင် သည်။

‘‘Food Engineering ဘာ သာရပ်အသစ်ကို ရန်ကုန်နည်း ပညာတက္ကသိုလ်မှာ စဖွင့်မှာ။ ဥပ မာ Packaging တို့၊ Food Safety တို့၊ အစားအသောက်နဲ့ပတ် သက်တဲ့ Microbiology တို့၊ တန် ဖိုးမြင့်တဲ့ အစားအသောက် ထုတ် ကုန် ထုတ်လုပ်တာတွေနဲ့ပတ် သက်ပြီးသင်ပေးမှာ။ အရင်တုန်း က မြန်မာပြည်မှာမရှိသေးတဲ့ဘာ သာရပ်အသစ်၊ ဒီနှစ် ပထမဆုံး ဖွင့်မှာ’’ ဟု ၎င်းက ဆိုသည်။

ရန်ကုန်နည်းပညာ တက္က သိုလ်တွင် Diploma of Food Technology၊ Master of Food Technology  ဘွဲ့သင်တန်းများ ဖွင့်လှစ်ထားပြီး ယခုနှစ်ကစကာ Food Engineering ဘာသာရပ် ကို ဘွဲ့သင်တန်းအဖြစ် ပထမဆုံး စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။

    ထိုသင်တန်းဝင်ခွင့်ကို ၂၀၁၉ တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာစာအိတ်ပါ သင်တန်းဝင်ခွင့် ရွေးချယ်ရေးကတ်ပြားတွင် ထည့် လျှောက်ကာ ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အတွင်း ပေးပို့ ရမည်ဖြစ်သည်။  အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၅ အာရှပစိဖိတ်ဆိုင်ရာသု တေသနစာတမ်းအရ မြန်မာနိုင်ငံ ၏ အလုပ်အကိုင်ရရှိနိုင်မှုတွင် စိုက်ပျိုးရေးကဏ္ဍသည် ၅၀ ရာ ခိုင်နှုန်းဖြင့် အကြီးမားဆုံးဖြစ်ခြင်း ကြောင့် စိုက်ပျိုးရေး၊ ဆည်မြောင်း၊ အစားအသောက်ဆိုင်ရာ  အင်ဂျင်နီယာ ဘာသာရပ်များကို  နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် တိုးချဲ့ဖွင့်လှစ်သင့်သည်ဟု အမျိုးသားပညာရေး မူဝါဒကော်မရှင်က အကြံပြုသည်။

No comments:

Post a Comment