Tuesday, June 25, 2019

တုပ်ကွေးအဖျား ကာကွယ်ရေးနည်းလမ်းများ

တစ်နေ့က သြစတြေးလျမှာ တုပ်ကွေးအဖျား ကြောင့် ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် ဆုံးသွားတယ်လို့ သတင်းတက်လာပါတယ်။ နိုင်ငံခြားက လူတွေက တယ်နုသကိုးလို့ ထင်မိကြမှာပါ။ တုပ်ကွေးလောက်ကတော့ ကွမ်းရွက်ပြုတ်ရည်လေး၊ အခိုးထုတ်ဆေးလေးသောက်ပြီး ကွေးနေရုံပဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဆရာသိပ္ပံမောင်ဝ ရေးတဲ့ တုပ်ကွေးဝတ္တုထဲက မောင်လူအေးလို အစိုးရသိန်းထီကြီးပေါက်သလို၊ ဘောပွဲနိုင်သလို တုပ်ကွေးစည်းစိမ်ခံစားချင်ရင်တော့ တစ်မျိုးပေါ့။ တကယ်တော့ ကျွန်တော်တို့က မသိလို့မကြောက်တာပါ။ မျက်ကန်းတစ္ဆေ မကြောက်ပေါ့လေ။

တကယ်တမ်းဆိုရင် ကျွန် တော်တို့က အအေးမိတာနဲ့ တုပ် ကွေးကိုမှားပြီး မကြောက်တာပါ။ နိုင်ငံခြားရောက်နေတဲ့ ဆရာတစ် ယောက်ကလည်း သူ့မှာတုပ်ကွေး ဝင်နေလို့ အိမ်ထဲကုပ်နေရတယ်၊ အပြင်ကို မထွက်ရဘူးလို့ ညည်း တော့ ကျွန်တော်က မြန်မာပြည် လာခဲ့စမ်းပါ၊ တုပ်ကွေးလောက် တော့ အပျော့လို့ ပြောခဲ့ဖူးပါ တယ်။ သူ့မှာတော့ Bone Break Fever ဆိုပြီး အသည်းအသန်ဖြစ် လို့။ ကိုယ်တွေကတော့ အပျော့၊ အပျော့လို့ ပြောနိုင်ကြတယ်။ ဘယ်ဟာတုပ်ကွေးမှန်းလည်း မ သိခဲ့ဘူး၊ ကြောက်ရကောင်းမှန်း လည်း မသိခဲ့ဘူး။

အအေးမိတယ် (Common Cold) ဆိုတာ လည်ပင်းနာ၊ နှာ ရည်ယို၊ ခေါင်းအုံ၊ ချောင်းဆိုး၊ ကလေးတွေဆို နည်းနည်းဖျား၊ ဒီလောက်ပါပဲ။ ဆေးမသောက် လည်း သုံး၊ လေးရက်ဆို ပျောက် သွားတတ်ပါတယ်။ ဘာပိုးသတ် ဆေး (Antibiotic) မှ သောက်စ ရာမလိုပါဘူး။ ပါရာစီတမောလ်၊ ဘာမီတွန်လောက်နဲ့ သက်သာပါ တယ်။ ဘာနောက်ဆက်တွဲ (Complication)မှလည်း မဝင် ပါဘူး။ အိမ်မှာအနားယူ၊ လက် ဆေး၊ အရည်များများသောက်၊ လူထူထူမသွားနဲ့၊ နှာချေ၊ ချောင်း ဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်ဆိုး၊ အိပ်ရေးဝအောင် အိပ်၊ ဒါပဲမှာ တာ မဟုတ်လား။

Influenza (flu) လို့ခေါ်တဲ့ တုပ်ကွေးကျတော့ ပြင်းထန်တဲ့ လက္ခဏာတွေရှိတယ်။ လည်ပင်းနာ၊ နှာစေး၊ ချောင်းဆိုး ဆိုတာတွေက ပိုပြင်းတယ်။ ဖျားတယ်၊ နာတယ်။ ဖျားတာများဆို ချမ်းတုန် ဖျားတတ်တယ်။ ခေါင်းကိုက်၊ ပျို့ အန်၊ ဝမ်းသွား၊ ဗိုက်အောင့် (Stomach flu) ထိတောင် ခံစားရနိုင်ပါတယ်။ ကလေးသူငယ်တွေ နဲ့ သက်ကြီးရွယ်အိုတွေဆို မခံနိုင် လောက်ပါဘူး။ နောက်ပြီးနောက် ဆက်တွဲ ရောဂါတွေ ဝင်လာတတ် ပါတယ်။ အများဆုံးဖြစ်တတ်တာ ကတော့ အဆုတ်ရောင် နမိုးနီး ယားရောဂါပဲ ဖြစ်ပါတယ်။

 နမိုးနီးယားရဲ့ လက္ခဏာ တွေဖြစ်တဲ့ လူနာက အသက်ရှူ မြန်၊ အသက်ရှူခက်၊ အသက်ရှူ ရင် ရင်ဘတ်အောက်ချိုင့်ဝင်ခြင်း၊ မောခြင်း၊ ချောင်းဆိုခြင်း၊ အဖျား ကြီးခြင်း၊ ကိုယ်ခန္ဓာမှာ အနီစက် ထွက်ခြင်း၊ တက်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အရေးပေါ် အခြေအနေပါပဲ။

သူတို့နှစ်ခုစလုံးက ဗိုင်းရပ်စ် ပိုးဝင်လို့ဖြစ်တဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတွေချည်း ပါပဲ။ ဒါပေမဲ့ ဖြစ်တဲ့ပိုးကတော့ ကွာတယ်။ အအေးမိရောဂါကို အ များဆုံးဖြစ်စေတဲ့ ပိုးက Rhinovirus ပါတဲ့။ လေကနေတစ်ဆင့်၊ လူနာကိုင်တွယ်ထားတဲ့ အသုံးအ ဆောင်ကနေတစ်ဆင့် ကူးစက် နိုင်ပါတယ်။ တုပ်ကွေးနဲ့ဆိုရင် နှာ ရည်ရွှဲတာ ပိုပါသတဲ့။ ပြီးတော့ ကာကွယ်ဆေးလည်း မရှိပါဘူး။

ဖလူးလို့ခေါ်တဲ့ တုပ်ကွေးက တော့ RNA ဗိုင်းရပ်စ်အုပ်စုထဲက ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာ ပါ။ လူအပြင် ငှက်တွေ၊ နို့တိုက် သတ္တဝါတွေမှာလည်း ကူးစက်နိုင် ပါတယ်။ Influenza Virus (A, B, C, D) ဆိုပြီး ရှိပါတယ်။ Virus A, B and C တွေက လူကိုဒုက္ခ ပေးတဲ့ကောင်တွေပါတဲ့။ အဲဒီအ ထဲက Influenza Virus A က နာ မည်ကြီးပါတယ်။ ၁၉၁၈ တုန်းက စပိန်ဖလူးကြောင့် လူနာသန်း ၅၀ လောက် သေခဲ့တယ်။ ၁၉၅၇  ခုနှစ် အာရှဖလူးကြောင့် နှစ်သန်း လောက်သေခဲ့တယ်။ ၁၉၆၈ မှာ ဟောင်ကောင်ဖလူးကြောင့် တစ် သန်းလောက်သေခဲ့တယ်။ ၂၀၀၉ ဇွန်လမှာ A/H1N1 ဆိုတဲ့ တုပ် ကွေးသစ် ကပ်ရောဂါဖြစ်ခဲ့ပါ တယ်။

တုပ်ကွေးတွေက နှစ်တိုင်းလူအမြောက်အမြား ဖြစ်ပွားတယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ လူနာပေါင်း သုံး သန်းနဲ့ ငါးသန်းကြားဖြစ်ကြတယ်။ နှစ်သိန်းခွဲနဲ့ ငါးသိန်းကြား သေဆုံး ပါသတဲ့။ အဲဒီအထဲက ကာကွယ် ဆေးထိုးမထားတဲ့ ကလေးတွေထဲ က ၂၀ ရာခိုင်နှုန်း၊ လူကြီးတွေထဲ က ၁၀ ရာခိုင်နှုန်း ပါပါတယ်။ ကမ္ဘာ့မြောက်ပိုင်းနဲ့ တောင်ပိုင်း နိုင်ငံတွေမှာတော့ ဆောင်းရာသီ မှာ အဖြစ်များပါတယ်။ အီကွေ တာနိုင်ငံတွေမှာတော့ ဘယ်ရာ သီမဆို ကပ်ရောဂါအနေနဲ့ ထ ဖြစ်နိုင်ပါတယ်။ သေဆုံးတဲ့သူ တွေ ကြည့်လိုက်တော့ ကလေးသူ ငယ်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ နာတာရှည်ရောဂါသည်တွေ များပါတယ်။

 ရောဂါလက္ခဏာတွေက ဘာတွေလဲလို့မေးရင် ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာခေါင်းပိတ် တယ်လို့ ပြောလို့တော့ရပါတယ်။ ဒါပေမဲ့ ၃၃ ရာခိုင်နှုန်းလောက်က လက္ခဏာမပြဘဲ နေတတ်ပါ တယ်။ ပြတဲ့လက္ခဏာတွေက လည်း အအေးမိသလို ဖြစ်နေ တယ်မဟုတ်လား။ ရောဂါပိုး ကူးစက်ခံရပြီး တစ်ရက်၊ နှစ်ရက် လောက်ကြာတဲ့အခါ ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ တစ်ကိုယ်လုံး ကိုက်ခဲလာတာတွေ စဖြစ်လာရ တယ်။ ဖျားတာကလည်း ၁၀၀- ၁၀၃ ဒီဂရီဖာရင်ဟိုက်လောက် ဖျားတတ်တယ်။ တစ်ကိုယ်လုံး ကိုက်ခဲတယ်ဆိုပေမယ့် နောက် ကျောနဲ့ ခြေထောက်တွေက ပို ကိုက်တယ်လို့ ဆိုပါတယ်။

လက္ခဏာတွေကို ဦးခေါင်း ပိုင်းကနေ စပြောရမယ်ဆိုရင် ခေါင်းကိုက်မယ်၊ မျက်သားယား မယ်၊ မျက်စိနီမယ်၊ မျက်ရည်ဝဲ မယ်၊ နားကိုက်မယ်၊ နှာခေါင်း ပိတ်မယ်၊ နှာရည်ယိုမယ်၊ နှာချေ မယ်၊ လည်ချောင်းနာမယ်၊ အသံ ဝင်မယ်၊ အရေပြားတွေနီရဲမယ်ဆိုရာမှာ မျက်နှာအဓိကနီရဲမယ်၊ ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း တွေလည်း နီရဲနေတတ်တယ်၊ ချောင်းဆိုးမယ်၊ ကြွက်သားတွေနာမယ်၊ နုံးချည့်မယ်၊ အနီစက်ကလေးတွေ ထွက်တတ်တယ်။

ကလေးတွေမှာဆိုရင် အစာ အိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပေါ်တတ်ပါ တယ်။ အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်နာတာတွေပေါ့။ Influenza B ကြောင့်ဖြစ်တဲ့ တုပ်ကွေးတွေ မှာ ပိုတွေ့ရပါတယ်။ အစပိုင်းမှာ အအေးမိတာနဲ့ ဆင်သလိုလိုရှိပေ မယ့် တုပ်ကွေးအဖျားက အအေး မိနဲ့ အဆုတ်ရောင်နမိုးနီးယား ပေါင်းထားတဲ့ လက္ခဏာတွေရှိ တယ်လို့ ပြောလို့ရပါတယ်။ ဖျား မယ်၊ ကိုက်ခဲမယ်၊ ခေါင်းကိုက် မယ်၊ မောမယ် ဒါတွေပဲမဟုတ် လား။ ဝမ်းလျှောတာတွေကတော့ ကလေးတွေနဲ့ H5N1 တချို့လူနာ တွေမှာ တွေ့ရပေမယ့် လူကြီး တွေမှာ မဖြစ်တတ်ပါဘူး။ တုပ် ကွေးရာသီလည်းဖြစ်မယ်၊ ဖျား တာကလည်း ၁၀၀ ဒီဂရီကျော်နေ မယ်၊ ချောင်းလည်းဆိုးနေမယ်ဆို ရင် တုပ်ကွေးလို့ ပြောနိုင်တယ်လို့ ဆိုပါတယ်။ ၇၀ ရာခိုင်နှုန်း မှန်ပါ သတဲ့။

RDT (Rapid Diagnostic Test)ဆိုတဲ့ အမြန်သွေးစစ်တံနဲ့  စစ်ဆေးကြည့်ရင်တော့ ၉၀- ၉၅ ရာခိုင်နှုန်းထိ မှန်နိုင်ပါတယ်။

တုပ်ကွေးက ဘာလို့သေစေ နိုင်သလဲဆိုရင် အဆုတ်ရောင် ရောဂါဝင်လာလို့ ဖြစ်ပါတယ်။ အဆုတ်ရောင်တာက တုပ်ကွေး ပိုးကြောင့်ဖြစ်နိုင်သလို တုပ်ကွေး ကြောင့် အားအင်နည်းနေလို့ နောက်ထပ် ဝင်ရောက်လာတဲ့ ဗက်တီးရီးယား ပိုးတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။ နမိုးနီး ယားဝင်လာရင် အသက်ရှူမြန်၊ အသက်ရှူ ခက်လာပါတယ်။ က လေးတွေမှာဆိုရင် အဖျားရုတ်တရက် ကျသွားတတ်ပါတယ်။ ဒါက  အန္တရာယ်လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။

 အရေးပေါ်လက္ခဏာတွေအနေနဲ့ပြောရရင် အသက်ရှူမြန် လာတာ၊ ရင်ဘတ်အောင့်လာ တာ၊ မူးလာတာ၊ စိတ်ရှုပ်ထွေး လာတာ၊ အလွန်အမင်းအန်လာ တာ၊ ပြာနှမ်းလာတာ၊ အဖျားကြီး လာတာ၊ အနီပြင်တွေ ထွက်လာ တာ၊ အရည် (ရေ) မသောက်နိုင် တာတွေပဲဖြစ်ပါတယ်။ တစ်နှစ် အောက် ကလေးတွေဆိုရင် စိုနေ ကျအနှီး၊ ဒိုင်ယာပါး (Diapers) စိုတဲ့အထိ ဆီးမသွားနိုင်တာ၊ ငို တဲ့အခါ မျက်ရည်မထွက်နိုင်တာ မျိုးထိ အရည်ခန်းခြောက်နိုင်ပါ တယ်။

တုပ်ကွေးကူးစက်ပုံကို သိ ရင် ဘယ်လိုကာကွယ်ရမလဲဆို တာ သိနိုင်ပါတယ်။ ဒီရောဂါက  ကူးစက်မှု အတော်မြန်ပါတယ်။ ပြီးတော့ လေထဲကနေကူးစက်နိုင် တဲ့  Air Born Disease မဟုတ် လား။ ကူးစက်ပုံ သုံးနည်းရှိတယ် လို့ သိရပါတယ်။

(၁) ရောဂါဖြစ်နေတဲ့သူ ချောင်းဆိုး၊ နှာချေလို့ ထွက်လာ တာတွေ လေထဲပါနေတာကို ရှူမိရင် Air Born Route၊ (၂) ချောင်းဆိုးနှာချေတာတွေက တခြားလူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲ ဝင်မိရင် Directly၊ (၃) လက်ကနေ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲဝင်တာ By hands ကြောင့်ပါ။ လူနာတစ်ယောက် နှာချေလိုက်တဲ့အခါ အရွယ်အစား သုည ဒသမ ၅ ကနေ ၅ မိုက်ကရိုမီတာ (µm)ရှိတဲ့ အမှုန်ပေါင်း လေးသောင်းလောက် ထွက်သွားနိုင်ပါတယ်။ အဲဒီအမှုန်တွေထဲမှာ (၈၀-၁၂၀) နာနိုမီတာ (Nanometer)သာရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေ သန်းတစ်ဝက်လောက် ပါသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ကူးစက်ခံရဖို့ အတော်လွယ်ကူပါတယ်။

လူနာဆီက ထွက်လာတဲ့ အ မှုန်အမွှား၊ ချွဲသလိပ်တွေထဲက ပိုး တွေဟာ ပြင်ပကိုရောက်တဲ့အခါ  လေထုစိုထိုင်းဆ၊ ခရမ်းလွန်ရောင်ခြည် အချိုးအစားပေါ် မူ တည်ပြီး ရှင်သန်ရပ်တည်နေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းနဲ့  မိုးတွင်းတွေမှာ အုံနဲ့ကျင်းနဲ့ ပိုဖြစ်ကြတာပါ။

 ဗိုင်းရပ်စ်တွေက အပြင် ရောက်လာတဲ့အခါ အရာဝတ္ထု တွေမှာ ကပ်ငြိသွားပါတယ်။ လူ တကာကိုင်နေကျ ပိုက်ဆံစက္ကူ တို့၊ ဘဏ်ငွေထုတ်စက္ကူတို့၊ တံခါးလက်ကိုင်တို့နဲ့ အိမ်တွင်းပစ္စည်း တော်တော်များများမှာပေါ့။ အဲဒီပိုးတွေက ပလတ်စတစ်၊ သတ္ထုတွေလို မာကျောတဲ့ မျက်နှာပြင်တွေ၊ မစိမ့်ဝင်နိုင်တဲ့ မျက်နှာပြင်တွေပေါ်မှာ တစ်ရက်၊ နှစ်ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ခြောက်သွေ့နေတဲ့ တစ်ရှူးစက္ကူပေါ်မှာ မိနစ် ၅၀၊ လူ့အရေ ပြားပေါ်မှာ ငါးမိနစ်ထိ အသက်ရှင်နေနိုင်ပါတယ်။ ချွဲသလိပ်ထဲက ပိုးဆိုရင်တော့ ဘဏ်ငွေထုတ် စက္ကူလို မျက်နှာပြင်ပေါ်မှာ ၁၇ ရက်ထိ ရှင်ကျန်ရစ်နေနိုင်ပါ တယ်။ ကြက်ငှက်တုပ်ကွေးပိုးဆို ရင် အေးခဲနိုင်တဲ့ အပူချိန်အထိ အသက်ရှင်နေပါတယ်။ သူတို့က အပူဒဏ်ဆိုရင် ၁၃၃ ဒီဂရီဖာရင်ဟိုက်နဲ့ အနည်းဆုံး မိနစ် ၆၀ လောက် ကြာတဲ့အထိထားပြီး အက်စစ်ဆိုရင် PH <2 နဲ့ သတ် ရပါမယ်။

ဒီလိုမျိုးအသက်ပြင်းတဲ့ ဗိုင်း ရပ်စ်ပိုးမျိုးကို ကာကွယ်ထားဖို့ဆို ရင် သုံးနေရာကနေဖြတ်မှ ပြတ် မယ့် သဘောပါပါတယ်။ ပထမ တစ်နေရာက လူနာကိုပါ။ လူနာ ဖြစ်ပြီဆိုရင် လူထူထူထဲ မသွား သင့်ပါဘူး။ အိမ်မှာနားနေသင့်ပါတယ်။ ကိုယ်တိုင်က နှာခေါင်းစည်း (Face Mask) စည်းထားရပါမယ်။ သလိပ်၊ တံတွေးထွေးမယ်ဆိုရင် အဖုံးပါတဲ့ ထွေးခံထဲ ထွေးရမယ်။ ပြီးတော့ မီးရှို့ဖျက်ဆီးတာ၊ ကလိုရင်းပိုးသတ်ဆေး နဲ့သန့်ပြီး တွင်းနက်နက်ထဲ မြှုပ်ပစ်တာမျိုး စနစ်တကျစွန့်ပစ်ရ ပါမယ်။ အရည်များများ တိုက်သင့်ပါတယ်။ အားရှိမယ့် အစားအစာတွေ၊ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးမွေးရပါမယ်။ လူနာကို စောစောသိ၊ စောစောပျောက်ကင်းအောင် ကုသပေးရပါမယ်။ လူနာကို အမြန်ကျန်းမာအောင် ကုသပေးတာဟာ ရောဂါပိုးပင်ရင်းကို ခုတ်ထွင်ရှင်းလင်းလိုက်တာပါပဲ။

နောက်တစ်ခုက လူနာနေခဲ့ တဲ့နေရာ၊ လူနာကိုင်တွယ်ခဲ့တဲ့ ပစ္စည်းတွေကို သန့်စင်ဆေးကြော တာပဲ ဖြစ်ပါတယ်။ နေရောင်ခြည် နဲ့ လေဝင်၊ လေထွက်ကောင်း ကောင်းရအောင် ပြတင်းပေါက် တွေကို ဖွင့်ထားတာမျိုး၊ အဝတ် အစား၊ အိပ်ရာခင်း၊ စောင်၊ ခြင် ထောင်တွေကို ရေနွေးပွက်ပွက်နဲ့ စိမ်ပြီး လျှော်ဖွပ်တာမျိုး၊ ကလို ရင်း ဆေးနဲ့စိမ်ပြီး ပိုးသတ်တာမျိုး၊ ကြမ်းခင်းတွေကို ပိုးသတ်ဆေးနဲ့ ဆေးကြောတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ ပတ်ဝန်း ကျင်က ရေဝင်၊ရေဝပ်တဲ့နေရာမျိုး ဆိုရင် စိုထိုင်းဆများတဲ့အတွက်  ခြောက်သွေ့သန့်ရှင်းနေဖို့ လိုပါ တယ်။ အမှိုက်သရိုက်၊ ဖုန်မှုန့်၊  ပိုးမျှင် စတာတွေက ပိုးတွေ ခို အောင်းရာ ဖြစ်နိုင်ပါတယ်။

နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူတွေ၊ ကလေးသူငယ် တွေ၊ သက်ကြီးရွယ်အိုတွေ၊ လူ နာတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေ ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဟာ ဖလူးကာကွယ်ဆေးကြိုထိုး ထားဖို့လိုပါတယ်။ ရောဂါကူးစက် မှုရဲ့ သုံးပုံနှစ်ပုံလောက်ထိ ကာ ကွယ်နိုင်ပါသတဲ့။ ကာကွယ်ဆေး ထိုးထားပေမယ့် ကိုယ်တိုင်က လည်း ကျန်းမာစေတဲ့ အမူအကျင့် တွေ ပျိုးထောင်ထားရပါမယ်။ အိပ်ရေးဝအောင် အိပ်တာ၊ အ သီးအရွက်၊ အသားငါးတွေစုံလင် အောင်စားတာ၊ ပုံမှန်လေ့ကျင့် ခန်းလုပ်တာ၊ လူထူထပ်တဲ့နေရာ ရှောင်တာ၊ လက်ကိုရေနဲ့၊ ဆပ် ပြာနဲ့ မကြာခဏဆေးပေးတာ၊ လက်နဲ့နှာခေါင်း၊ မျက်စိ ဟိုကိုင်ဒီကိုင် မလုပ်တာ၊ ဆေးလိပ်မသောက်တာ၊ အရက်လျှော့ သောက်တာစတဲ့ ကျန်းမာရေးအမူအကျင့်တွေပဲ ဖြစ်ပါတယ်။

No comments:

Post a Comment