Tuesday, June 25, 2019

တစ်ရက်အတွင်း အတက်ကြမ်းခဲ့တဲ့ ရွှေဈေး

ကမ္ဘာ့ ရွှေဈေးတက်တာကြောင့် ဇွန်လ၂၁ ရက်နေ့ တစ်ရက်တည်းမှာ ရွှေဈေးကျပ်၂၀,ဝဝဝ နီးပါး တက်သွားရာက သည်ကနေ့အထိ ၁၀,ဝဝဝ နီးပါး အတက်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်နေ ကြတယ်လို့ သိရပါတယ်။ ကမ္ဘာ့ရွှေဈေးက၂၁ ရက်နေ့ နေ့လယ်ပိုင်းက တစ်ထရိုင်အောင်စကို ၁၄၁၁ ဒေါ်လာအထိရောက်သွားပြီး ခုနောက်ဆုံး ပိတ်သွားတာကတော့ ၁၃၉၉.ဝ၅ ဒေါ်လာ နဲ့ ပိတ်သွား ခဲ့ပါတယ်။



မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက “ သမားရိုးကျမဟုတ်ဘဲ ကောလာဟလတွေ ဖန်တီးပြီး ရွှေဈေးတက်တာတို့ကျတော့ မဖြစ်မ နေပြန်ငြိမ်အောင် လုပ်ပေးရတဲ့ အရာတွေပေါ့၊ အခုတော့ ဒါတွေက မရှိသလောက် နည်းသွားပါပြီ၊ ကျွန်တော်တို့ ကတော့ ကျအောင်ပဲ လုပ်ပေးတာပါ၊ တက်အောင် လုပ်မပေးပါဘူး၊ အခုလော လောဆယ် ဘာမှ လုပ်စရာ မလိုပါဘူး”လို့ ပြောပါတယ်။

အမေရိကန်နဲ့ အီရန် နိုင်ငံရေးကိစ္စ ကြောင့် ရွှေဈေးဟာ လွန်ခဲ့တဲ့ တစ်ပတ် လောက်ကနေပြီး ဈေးလှုပ်လာတာ ဖြစ် ကာအခုနောက်ပိုင်းမှာတော့ ဈေးတက်တာ ပိုကြမ်းလာတာဖြစ်ပါတယ်။

“ ဈေးအတက်အကျကတော့ အမေရိကန် နယူးယောက်ဈေးကွက်အပေါ်မှာ အများကြီး မူတည်တာပေါ့၊ စီးပွားရေးစစ်ပွဲ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတဲ့ အပေါ်မှာလဲအများကြီးမူတည်တာပေါ့၊ မြန်မာ့ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ ယှဉ်ရင် တော်တော်လေး နိမ့်ကျနေသေးတယ်”လို့ ဦးတင် ထွန်းက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးနဲ့ တွက်ကြည့်ရင်ကျပ်၁,၁၃၀,ဝဝဝ ကျော်လောက် ရှိနေတာဖြစ်ပေမဲ့လည်း မြန်မာ့ ရွှေဈေးက ၁၁ သိန်းနဲ့ ၁၀,ဝဝဝ တောင် မပြည့်တာကြောင့်၂၁ ရက်နေ့မှာ အရောင်း ပိတ်သွား တာ ကျပ် ၁,၁၁၇,ဝဝဝ နဲ့ပဲ ပိတ်သွားတယ်လို့ သိရပါတယ်။

ရွှေဈေးဟာ တအားတက်သွားပေမဲ့လည်း ငွေဈေး (ဒေါ်လာဈေး) ကတော့ ပုံမှန်ပဲ ရှိနေပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးကတော့၂၁ ရက် နေ့က နေ့လယ်ပိုင်းမှာဆိုရင် တစ်ထရိုင် အောင်စကို ၁၄၁၁ ဒေါ်လာအထိ ရောက် သွားပါ တယ်။ ခု နောက်ဆုံးပိတ်သွားတာ က တော့ ၁၃၉၉.ဝ၅ဒေါ်လာနဲ့ ပိတ်သွား ကာအဲသည် ပိတ်သွားတဲ့ နှုန်းအတိုင်း အခုငွေဈေးနဲ့ တွက်ကြည့်ရင် ကျပ် ၁,၁၃၀,ဝဝဝ ကျော် ရှိပါ တယ်။

ဈေးတက်လာတဲ့အချိန်မှာ မန္တလေး ရွှေဈေးကွက်မှာ ကျပ်၁,၁ဝဝ,ဝဝဝ ကျော် တယ် ဆိုတော့ ဖိရောင်းလိုက်ကြတဲ့အခါ မှာ မန္တ လေးရွှေဈေးက ကျပ် ၁,၁၁၁,၅ဝဝ အထိ ပြန်ရောက်သွားခဲ့တယ်လို့ သိရပါ တယ်။

ဇွန် ၂၃ ရက် သည်ကနေ့ ကမ္ဘာ့ရွှေဈေး ကလည်း ပြန်ပြုတ်ကျသွားရာ ၁၃၈၂ ဒေါ်လာအထိ ပြန်ရောက်သွားတာ ဖြစ်ပါ တယ်။ ဈေးတွေ အတက်အကျ တစ်ရက် တည်းမှာပဲ ကြမ်းသွားတဲ့ အခြေအနေမှာ မန္တလေးရွှေဈေးက ၁,ဝ၉၈,ဝဝဝ အထိ ကျ သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ဈေးစဖွင့်တဲ့ အချိန် ကတော့ ကျပ် ၁,၁၁၁,၅ဝဝ ကနေပြီး တော့ ဇွန်၂၃ ရက်နေ့မှာတော့ ကျပ် ၁,ဝ၉၈,ဝဝဝ အထိ ကျသွားပါတယ်။

“ ဒီလိုမျိုး ဈေးနှုန်း အတက်အကျ မြန်တာက အရင်ကလဲ ဖြစ်ခဲ့ဖူးပါတယ်၊ ဒေါ် လာဈေးတွေ တအားဆွဲတင် ဆွဲချ လုပ်ခဲ့ ကြတုန်းက တစ်ခါဖြစ်ခဲ့ဖူးပါတယ် ၊ ပြီး တော့လစာ သုံးဆတက်တယ်ဆိုတုန်းက လဲ ၃၀,ဝဝဝ၊ ၄၀,ဝဝဝ လောက်ခုန်တက် သွားဖူးတယ်၊ အဲဒီတုန်းကတော့ တစ်ရက် တည်းနဲ့ ဈေးပြန်ကျသွားအောင် လုပ်ပေး နိုင်ခဲ့ပါတယ်၊ အဲဒီလိုမျိုး သမားရိုးကျ မဟုတ်ဘဲ ကောလာဟလတွေ ဖန်တီးပြီး တက်တာတို့ကျတော့ မဖြစ်မနေ ပြန်ငြိမ် အောင် လုပ်ပေးရတဲ့ အရာတွေပေါ့” လို့ ဦးတင်ထွန်း က ပြောပါတယ်။

ရွှေအသင်း အနေနဲ့ လုပ်ပေးဖို့ ဘာလို့ မလိုတာလည်း ဆိုတော့ ကမ္ဘာ့ရွှေဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် ၁,၁၃၀,ဝဝဝ ကျော် ရှိနေပြီး မြန်မာ့ရွှေဈေးက ကျပ် ၁,၁၁၀,ဝဝဝ ကျော်ပဲ ရှိနေတာဖြစ်တဲ့ အ တွက် ၂၀,ဝဝဝ ကျော်သာနည်းနေတဲ့ အတွက် ဘာမှ မလုပ်စရာ မလိုဘူးလို့ ဦးတင်ထွန်း က ဆိုပါတယ်။

အဲသည်လို မဟုတ်ဘဲနဲ့ ဥပမာ မြန်မာ့ ရွှေဈေးက ၁,၁၄၀,ဝဝဝ ကျော်လောက် အထိ ဆွဲတင်ထားတယ်ဆိုရင်တော့ ရွှေလုပ် ငန်းရှင်များ အသင်းအနေနဲ့ လုပ်ပေးရမယ့် အရာဖြစ်သွားပြီလို့ ဆိုပါတယ်။

No comments:

Post a Comment