Tuesday, June 25, 2019

မြောက်ကိုရီးယားဆွေးနွေးပွဲသစ်အတွက် မျှော်လင့်ချက် မြင့်တက်နေစဉ် ထရန့်က ဆိုးလ်သို့သွားမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် စာများအပြန်အလှန် ပေးပို့ခဲ့ကြပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုသီတင်းပတ်ကုန်တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ရာ မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်း အဆုံးသတ်ရန် ရည်ရွယ်သော ဆွေးနွေးပွဲများအတွက် မျှော်လင့်ချက်ကို မြင့်တက်စေခဲ့သည်။ ထရန့်သည် ဂျပန်တွင် ဂျီ-၂၀ ခေါင်း ဆောင်များထိပ်သီးကို တက်ရောက်ပြီးနောက် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ကာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုမင်းဂျန်က ပြောကြားခဲ့သည်။



ထရန့်က ကင်ထံ စာပေးပို့မှုကြောင့် ရပ်တန့်နေသော နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်ရန်အတွက် လမ်းပွင့်စေနိုင်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ထရန့်၏ခရီးစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။


ထရန့်နှင့်မွန်းတို့သည် နှစ်နိုင်ငံအကြား မဟာမိတ်ဆက်ဆံရေးအား ပိုမိုအားကောင်းစေရန်ကိစ္စအပြင် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား လုံးဝကင်းစင်မှုမှတစ်ဆင့် ခိုင်မြဲသောငြိမ်းချမ်းရေးကို အားပေးရန် အတူတကွ လုပ်ဆောင်ရေးနည်းလမ်းများကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ဇွန် ၂၄ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲအား ချက်ချင်းစတင်ရန် အသင့်ရှိနေကြောင်း ပွန်ပီယိုက အရှေ့အလယ်ပိုင်းသို့ မထွက်ခွာမီ ပြောကြားခဲ့သည်။ ထရန့်၏ စာပေးပို့မှုသည် မြောက်ကိုရီးယားနှင့် အရေးပါသော ဆွေးနွေးမှုများကို စတင်ရန်အတွက် အခြေခံကောင်းကို ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ゞင်းက ပြောကြားခဲ့သည်။

ထရန့်သည် တောင်ကိုရီးယားခရီးစဉ်အတွင်း ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်သို့ သွားရောက်ရန် စဉ်းစားနေကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထရန့်သည် ၂၀၁၇ ခုနှစ်က တောင်ကိုရီးယားသို့ သွားရောက်စဉ်အတွင်း စစ်မဲ့ဇုန်သို့သွားရန် စီစဉ်ခဲ့သော်လည်း မြူနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။

ကင်နှင့်မွန်းတို့သည် ပြီးခဲ့သောနှစ်တွင် စစ်မဲ့ဇုန်၌ ゞင်းတို့၏ ပထမဆုံးသမိုင်းဝင်ထိပ်သီးကို ကျင်းပခဲ့သောကြောင့် ထရန့်က ယခုခရီးစဉ်အတွင်း ကိုရီးယားစစ်မဲ့ဇုန်သို့ သွားရောက်မည်ဆိုပါက ထိုနေရာတွင် ကင်နှင့် ဆွေးနွေးပွဲပြုလုပ်နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်စေခဲ့သည်။ သို့သော် တောင်ကိုရီးယားသမ္မတရုံးမှ နောက်ထပ်တာဝန်ရှိ သူတစ်ဦးကမူ ထရန့်သည် ကင်နှင့်တွေ့ဆုံမည့် မည်သည့်အစီအစဉ်ကိုမျှ မသိထားကြောင်း ပြောကြားခဲ့သည်။ ထရန့်ထံမှ အလွန်အမင်းကောင်းမွန်သော စာတစ်စောင်ကို ကင်က လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်း အေဂျင်စီ KCNA က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း စာတွင်ပါသည့် အသေးစိတ်အကြောင်းအရာများကို မထုတ်ပြန်ခဲ့ပေ။ ထရန့်သည် ယခုခရီးစဉ်တွင် အလုပ်သဘောအဆင့်ဆွေးနွေးပွဲသစ်များ ပြုလုပ်ရန် အဆိုပြုဖွယ်ရှိသော်လည်း အဓိက တိုးတက်မှုကိုမူ ရရှိနိုင်ခြေမရှိဟု လေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။

No comments:

Post a Comment