Tuesday, June 25, 2019

တေးသံရှင် ကိုတင်လှိုင် ဈာပန မနက်ဖြန်(ဇွန်လ၂၅) ထိန်ပင်သုန်ဿန်တွင် ပြုလုပ်မည်

တေးပုလ္လင်​မှအ​ဆွေးသခင်​ တေးသံရှင် ကိုတင်လှိုင်(ဦးတင်လှိုင်)၏ ဈာပနအခမ်းအနားကို မနက်ဖြန်(ဇွန်လ၂၅) ထိန်ပင်သုန်ဿန်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ တေးသံရှင် (ဦး)ကိုတင်လှိုင်သည် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ဇွန်လ၂၃ရက်၊ မွန်းလွဲ၁၂နာရီခွဲအချိန်ကရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်ရှိSAKURAဆေးရုံကြီး၊အခန်းအမှတ်(၉၁၃)၌ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကွန်လွန်သူ၏ ညီမဖြစ်သူဒေါ်သိန်းနွယ်ရည်က ပြောသည်။



"အကိုကြီးက နှလုံးရောဂါဖြစ်နေ တာတော့ကြာပါပြီ။၁၁လပိုင်းလောက်မှာတခါ SAKURAဆေးရုံတင်ရ ပြီးပြန်သက်သာလာလို့ မတ်လမှာ ရေနံချောင်းအသင်းကဂုဏ်ပြုပွဲလုပ်တဲ့ဖျော်ဖြေပွဲမှာသီချင်းတွေဆိုခဲ့ပါသေးတယ်။အဲဒီနောက်ဧပြီလမှာနှလုံးကထပ် ပြီးဖောက်ပြန်လို့သီချင်းမဆိုနိုင်တော့တာပါ။အစ်ကိုကြီးကအသည်းကလည်းသိပ်မကောင်းဘူးလေ။အခုဆုံးတာကတော့နှလုံးသွေးကြောပိတ်ပြီးကွယ်လွန်သွားခဲ့တာပါ''ဟု ၄င်းကပြောသည်။

ဦးတင်လှိုင်သည် ၁၉၅၆ခုနှစ်တွင်စန္ဒယားဘိုကြီးအဖွဲ့ဖြင့်အနုပညာလောကသို့စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၄င်းသီဆိုခဲ့သည့် ဘကြီးအောင် ညာတယ်၊ချစ်သူတိုင်းလည်းညားကြပါစေ၊ယောကျာ်းမှာလည်း အသဲနဲ့ပါ ၊စကားပြောကောင်းတဲ့မသဲအူ၊တကမ္ဘာ မခြားသေးပါဘူး၊ အမုန်းခွန်အားပေးသနားပါ ''သီချင်းတို့မှာ ယနေ့အထိ အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာသံစဉ် ပရိတ်များ ကြိုက်နှစ်သက်လျက်ရှိနေလေသည်။

တေးသံရှင် ကိုတင်လှိုင် ကွယ်လွန်ချိန်တွင် အသက် (၈၄)နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူဒေါ်ကျင်ယုံနှင့်သမီးမသဇင်လှိုင်တို့ကျန်ရှိခဲ့ကြောင်းသိရသည်။၎င်း၏ ကျန်ရစ်သော ရုပ်ကလာပ်ကို မနက်ဖြန် (ဇွန်လ၂၅) မွန်းတည့်၁၂နာရီတွင် ထိန်ပင်သုသာန်သို့ပို့ဆောင်၍ မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment