Monday, July 1, 2019

ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ကျပ် ၂၄ ဘီလျံကုန်ကျမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ကျပ် ၂၄ ဘီလျံကုန်ကျမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။ စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ဇွန် ၂၈ ရက် နံနက်ပိုင်း ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စစ်ကိုင်းခရိုင်လူထုတွေ့ဆုံပွဲတွင် နမ့်ပငချောင်း အသေးစား ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်မှု ကုန်ကျငွေမှာ ကျပ် ၂၄ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



“ဟုမ္ပလင်း၊ နမ့်တော စတဲ့ ကျေးရွာဒီဇယ်နဲ့မောင်းပြီး တစ်ယူနစ် ၁၈၀ နဲ့ပေးနေတဲ့ လျှပ်စစ်ကိုပေး ဝယ်သုံးနေရမယ်။ ဒါတောင် ၂၄ နာ ရီလျှပ်စစ်မီးမရပါဘူး။ အဲဒါကြောင့် ဟုမ္မလင်းမြို့နယ်တစ်ဝိုက်ရှိ ကျေး ရွာတွေ လျှပ်စစ်မီးရဖို့အတွက် နမ့်ပငချောင်းရေအားလျှပ်စစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပါပြီ။ ဒီနှစ်မှာ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့စီမံကိန်းနဲ့ ဘဏ္ဍဍာရေးဝန်ကြီးက ခြောက်ဘီလျံ ဘတ်ဂျက်ချပေးမယ်။ စုစုပေါင်း ၂၄ ဘီလျံလောက် ကုန်ကျပါမယ်။ လာမယ့် တစ်နှစ်ခွဲလောက်ဆို ပြီးပါပြီ” ဟုစစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။
နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်အတွင်း စတင်တည်ဆောက်နိုင်ရန်အတွက် စူးစမ်းလေ့လာတိုင်းတာပြီး ဒီဇိုင်းနှင့် ပုံထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းစူးစမ်း လေ့လာတိုင်းတာခြင်း ၊ ဒီဇိုင်းနှင့် ပုံထုတ်ခြင်းလုပ်ငန်းအတွက် ကျပ်  ၃၄၇  ဒသမ  ၅၀၄  သန်း ကုန်ကျခဲ့ကြောင်း သိရပြီး စစ်ကိုင်းတိုင်းအတွင်း ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် နဘားခွဲရုံတိုးချဲ့တည်ဆောက်ခြင်း၊ ရွှေဘိုခွဲရုံအသစ် တည်ဆောက်ခြင်း၊ အုန်းတောခွဲရုံ တည်ဆောက်ခြင်း၊ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်း ၁၈၀ မိုင် တည်ဆောက်ခြင်းစီမံကိန်းအား Central Chain Power Grid (CCPG) နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် ဓာတ် အားခွဲရုံပေါင်း ၃၃၆၂ ရုံ၊ အသေးစား ရေအားလျှပ်စစ်စက်ရုံ သုံးရုံနှင့် ဒီဇယ်ဓာတ်အားပေးစက်  ၃၉ လုံး ဖြင့် ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

No comments:

Post a Comment