Monday, July 1, 2019

မူကြိုကလေးငယ် မဖွယ်မရာပြုခံရမှုဖြင့် DNA စစ်ဆေးပြီးသူများတွင် ကျောင်းတာဝန်ရှိသူ၏ သားနှစ်ဦးပါဝင် ယင်းအမှုမပေါ်ပေါ်အောင် ဖော်ရန် မှာထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူထုတ်ပြန်

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး မဖွယ် မရာ ပြုကျင့်ခံရသည့် အမှုနှင့်စပ် လျဉ်း၍ မျိုးရိုးဗီဇ (DNA) စစ်ဆေးခံရသူများထဲတွင် လူမှုကွန်ရက် ၌ စွပ်စွဲခံနေရသည့် ကျောင်းကြီး ကြပ်ရေးမှူး၏ သားနှစ်ဦးပါဝင် ကြောင်း ကျောင်းအုပ် ဦးပညာက အတည်ပြုသည်။ ကြီးကြပ်ရေးမှူး ဆရာမ၏ သားနှစ်ဦးသည် ဒသမတန်းဖြေ ကြားထားသူနှင့် အဆိုပါကျောင်း ၏ အထက်တန်းအဆင့်တွင် ရှစ် တန်းအဆင့် တက်ရောက်နေသူ တစ်ဦးဖြစ်ကြောင်း၊ တစ်စုံတစ် ရာ စစ်ဆေး ပေါ်ပေါက်ခြင်း မရှိ ကြောင်း ၎င်းက ဆိုသည်။



‘‘DNA စစ်ထားတဲ့ ဟာက လည်း အကြမ်းဖျင်းအားဖြင့် အဖြေကတော့ မတူဘူးလို့ သူတို့သိ ထားတယ်ပေါ့။ အဖြေတစ်ခု ထွက်ထားတယ်။ ဒီ့ပြင်ဆို သူတို့က မစစ်ထားဘူးလို့ စွပ်စွဲနေတာ လေ။ အခုက ဒီကလေးတွေက စစ်လည်း စစ်ထားပြီးပြီ။ အစစ် လည်းခံထားတယ်၊ လူတွေ့လည်း အစစ်ခံထားတယ်၊ DNA လည်း သူတို့ပေးထားတယ်။ အဲဒါမှာ DNA မတူဘူး’’ ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။

ထို့ပြင် ကျောင်းဘက်မှ ၀န်ထမ်းပေါင်း ၃၀ ခန့်ကို မှုခင်းရဲ တပ်ဖွဲ့ (CID) က ခေါ်ယူစစ်ဆေး ပြီးဖြစ်ကြောင်း ကျောင်းအုပ် ဦးပညာက ပြောသော်လည်း ရဲတပ်ဖွဲ့ဘက်ကမူ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိခြင်းမရှိသေး ပေ။

နစ်နာသူ မိန်းကလေးငယ်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးကမူ DNA စစ်ဆေးမှုအဖြေကို အများ သိအောင် ထုတ်ပြန်ပေးသင့် ကြောင်း တောင်းဆိုသည်။

အမည်ထုတ်ဖော်ပြောဆိုလို ခြင်းမရှိသည့် ၎င်းက ‘‘ကျောင်း က မဟုတ်ဘူးဆိုရင် ချပြလေ။ အခုစစ်ထားတဲ့ DNAက ကလေး နှစ်ယောက်ရဲ့ဟာကို အခုချပြ လိုက်လေ။ မဟုတ်ဘူးဆို ချပြ ပေါ့။ အားလုံးကို ချပြလိုက်ပေါ့’’ ဟု တောင်းဆိုသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍ ကျူးလွန်သူကို တစ်လကျော်ကြာ သည်အထိ  ဖော်ထုတ်ဖမ်းဆီး အ ရေးယူနိုင်ခြင်းမရှိသေး၍ လူမှုကွန် ရက်စာမျက်နှာဖေ့စ်ဘွတ်ခ်တွင် ပြည်သူများက ကျယ်ကျယ်ပြန့် ပြန့် လှုပ်ရှားတောင်းဆိုနေသည်။

ကလေးငယ် ကာတွန်းပုံဖြင့် Justice for Victoria စာတန်းကို အသုံးပြု၍ အမှုမှန် အမြန်ဆုံးဖော် ထုတ်ပေးရန်  ဇွန်လနောက်ဆုံး ပတ်တွင် ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်၌ လှုပ်ရှားမှုပုံစံဖြင့် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေခြင်း ဖြစ်သည်။

ထို့အတူ နိုင်ငံတော် သမ္မတ ရုံးအပါအ၀င် ၀န်ကြီးဌာနများ၏ ဖေ့စ်ဘွတ်ခ်ပေါ်က သတင်းထုတ် ပြန်ချက်များတွင် ‘မြန်မာပြည် တွင် တရားဥပဒေစိုးမိုးလာရန်၊ ပြည်သူတွေ တရားဥပဒေ ကို ပိုမိုယုံကြည် လေးစားလိုက်နာ လာရန်နှင့် တရားဥပဒေစိုးမိုး ရေးအတွက် ပိုမိုပူးပေါင်းဆောင် ရွက်လာရန်၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက နေပြည်တော် ကလေးမုဒိမ်း၏ တရားခံအစစ်ကို မပျက်မကွက် ဖော်ထုတ်ပေးပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည်’ ဟူသောမှတ်ချက်များ လိုက်လံရေးသား နေသည်။

ပြည်သူတို့၏ အထက်ပါ လှုပ်ရှားမှုများ အရှိန်မြင့်လာချိန် ဇွန်လ ၃၀ရက်တွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါအမှုဖြစ်စဉ်ကို နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူများထံ ‘‘ဒီအမှု မပေါ်ပေါ်အောင် ဖော်ပါ’’ ဟု နှုတ်ဖြင့် မှာကြားထားကြောင်း၊ စဉ်ဆက်မပြတ် အမှုဖော်ထုတ် ရာတွင် တိုးတက်မှု အခြေအနေ များကို အကြီးအကဲများထံ တင်ပြ နေကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှ တစ်ဆင့် သတင်းထုတ် ပြန်သည်။

အမှုစစ်ဆေးဖော်ထုတ်မှု ကြန့်ကြာနေခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသည့် အကြောင်းကြောင်း ကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရန် အချိန်အ နည်းငယ် ပေးနေရခြင်း ဖြစ် ကြောင်း ဦးဇော်ဌေးက ဆိုသည်။

‘‘လတ်တလော စစ်ဆေး ဖော်ထုတ်ဆဲ ကိစ္စ ဖြစ်တဲ့အတွက် အသေးစိတ်ကို လောလောဆယ် ထုတ်ဖော်ပြောကြားနိုင်ခြင်း မပြုနိုင်သေးတာကို နားလည်သဘော ပေါက်ပေးကြစေချင်ပါတယ်’’ဟု ၎င်း၏ထုတ်ပြန်ချက်တွင် ထည့် သွင်းရေးသားထားသည်။

အမှုနှင့်ပတ်သက်၍ ကျောင်း တာဝန်ရှိသူ၏ ယာဉ်မောင်းကို တစ်လခန့် ထိန်းသိမ်းစစ်ဆေးခဲ့ သော်လည်း ဇွန်လ ၂၄ ရက်၌ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးထား သည်။

ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့ အနေဖြင့် ဆက်လက်စုံစမ်းစစ် ဆေးနေဆဲဖြစ်ပြီး ကျူးလွန်ခံရသူ ကလေး၏ အခြေအနေ အနေအ ထားရှိသေးသဖြင့် အသေးစိတ်ကို ပြောဆို၍ မရနိုင်ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး မင်းဟန်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မီဒီယာများအား ပြော ကြားထားသည်။ ထို့အပြင် ကလေးငယ်အ ကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့် ပတ် သက်၍ဝန်ကြီးဌာန၏ တာဝန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မိဘများနှင့်ပူးပေါင်း၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ဆောင်ရွက်မည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ဇွန်လ ၃၀ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။

No comments:

Post a Comment