Monday, July 1, 2019

ကြွယ်ဝသူများအတွက် စွန့်စားပေးနေရသော ကမ္ဘောဒီးယား ဆောက်လုပ်ရေး အလုပ်သမားများ

ဇွန် ၂၅ ရက်တွင် သီဟာနုဗီးလ်မြို့၌ ဆောက် လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ကမ္ဘောဒီးယားအလုပ်သမားများကို တွေ့ရစဉ် (Photo: AFP)တစ်နေ့လျှင်  နေ့စားခခြောက် ဒေါ်လာ ရရှိသည့် ဆမ်ဆော့က သီဟာနုဗီးလ်မြို့မှ ゞင်း၏ ဆောက် လုပ်ရေးအလုပ်သမားဘဝသည် အန္တရာယ်များသည့်အကြောင်း သိထားနှင့်ပြီး ဖြစ်သည်။ ထိုစဉ် အလုပ်သမား ၂၈ ဦးသေဆုံးခဲ့ရသော အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆမ်ဆော့ကဲ့သို့ အလုပ်သမားများ၏ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ကြုံနေရသော အန္တရာယ်တို့မှာ ပိုမိုသိသာ ထင်ရှားလာခဲ့သည်။ 

တစ်ချိန်က ပျင်းရိငြီးငွေ့ဖွယ် ပင်လယ်ကမ်းခြေမြို့တစ်မြို့ ဖြစ်ခဲ့သော်လည်း တရုတ်ငွေကြေး ပံ့ပိုးသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ရုတ်ခြည်းဖွံ့ဖြိုးလာခဲ့သော သီဟာနုဗီးလ်သို့ ဆင်းရဲမွဲတေမှုကြောင့် လာရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမား ထောင်ပေါင်းများစွာအနက် ဆမ်ဆော့သည်လည်း တစ်ဦး အပါ အဝင်ဖြစ်သည်။ မိခင်တစ်ဦးဖြစ်သော ဆမ်ဆော့သည် ゞင်း၏ ရှစ်နှစ်အရွယ်သားဖြစ်သူကို အိမ်နီး ချင်းများလက်ထဲသို့ အပ်ပြီး ၆၂ မိုင် ဝေးသည့် သီဟာနုဗီးလ်သို့ လာအလုပ်လုပ်နေခြင်းဖြစ်သည်။

သို့သော် သီဟာနုဗီးလ်မှ အလုပ်များသည် များသောအားဖြင့် စည်းမျဉ်းစည်းကမ်းများ လျော့ရဲအားနည်းကြပြီး လုပ်ခနည်းပါးသည့်အပြင် ရံဖန်ရံခါတွင် အန္တရာယ်များကာ  လူ့အသက်များပင် ဆုံးရှုံးရမှုများလည်း ရှိနေသည်။


“ကျွန်မတို့ဟာ ငွေကြောင့် ဒီအလုပ်တွေလုပ်နေရတာပါ။ ဒါပေမဲ့ အခုတော့ ဒီလိုမျိုးကံမကောင်းအ ကြောင်းလှတဲ့ အဆုံးသတ်မျိုးနဲ့ ကြုံရမှာကို ကျွန်မတို့လည်း ကြောက်လာကြပါတယ်” ဟု အသက် ၃၂ နှစ် အရွယ် ဆမ်ဆော့က ပြောခဲ့သည်။

သီဟာနုဗီးလ်၌ မကြာသေးမီက ဖြစ်ပွားခဲ့သော အဆောက်အအုံပြိုကျမှုတွင် ဆမ်ဆော့၏ တူဖြစ်သူမှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ “ကျွန်မတို့အကြောက်တရားနဲ့ အလုပ်လုပ်နေကြရတာပါ”  ဟု ဆမ်ဆော့က သီဟာနုဗီးလ်မှ ဆေးရုံတစ်ရုံတွင် ပျောက်ဆုံးနေသည့် တူဖြစ်သူကို ရှာဖွေရင်း ပြောကြားခဲ့သည်။

ဇွန် ၁၅ ရက် အရုဏ်မတက်မီက တရုတ်ပိုင်သည့် ဆောက်လက်စ အဆောက်အအုံပြိုကျမှုဖြစ်စဉ်တွင် ထို အဆောက်အအုံအတွင်း၌ အိပ်စက်နေသူအများအပြားမှာ မြေမြှုပ်ခံရသလို ဖြစ်ခဲ့ရသည်။

အခြားရွှေ့ပြောင်းအခြေချလုပ်သားများကဲ့သို့ပင် ပြိုကျခဲ့သည့်အဆောက်အအုံမှ အလုပ်သမားများသည်လည်း ゞင်းတို့ဆောက်သည့် အဆောက်အအုံမှာပင် နေထိုင်ကြခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသားငါးဦး အပါအဝင် လူခုနစ်ဦးမှာ လူသေစေမှုတို့အတွက် စွဲချက်တင်ခံထားရသည်။

■ အားနည်းသော ဘေးကင်းလုံခြုံမှု

တရုတ်ပြည်မကြီးမှ ခရီးသွား အများအပြားဝင်ရောက်မှုကြောင့် ရုတ်ခြည်းဖွံ့ဖြိုးလာသော ခရီးသွား ကဏ္ဍဍအတွက် သီဟာနုဗီးလ်မြို့၏ နေရာအနှံ့အပြား၌ တရုတ်ငွေကြေးပံ့ပိုးသည့် ကာစီနိုများ၊ ဟိုတယ်များ ဒါဇင်နှင့်ချီပေါ်ထွက်လာခဲ့သည်။ ထိုသို့ လျင်မြန်စွာ တိုးတက်နေသည့် သီဟာနုဗီးလ်မြို့ထဲ၌ သံချောင်းများ၊ သစ်သားချောင်းများကို တစ်နေရာမှ တစ်နေရာသို့ ပို့ပေးနေရသည့်အတွက် ဆမ်ဆော့သည် တစ်နေ့လျှင် ခြောက်ဒေါ်လာ ရရှိသည်။ထိုငွေပမာဏသည် ရံဖန်ရံခါတွင် စိုက်ပျိုးရေးနှင့် စက်ရုံများတွင် လုပ်ရသည့် လုပ်ခထက်ပင် ပိုမိုများပြားလျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးမှ စက်မှုလုပ်ငန်းသို့ ဖြေးညှင်းစွာ ကူးပြောင်းလာမှုနှင့်အတူ နိုင်ငံသားတစ်ဦးချင်းစီ၏ ဂျီဒီပီမှာလည်း မြင့်တက်လာသည်။ နိုင်ငံထဲမှ အလုပ်သမားများသည် အထည်ချုပ်များ၊ ဝန်ဆောင်မှုပေးသည့် ကဏ္ဍဍများတွင် အလုပ်ရှာဖွေလာကြပြီး ဆောက်လုပ်ရေး ကဏ္ဍဍတွင်လည်း အလုပ်အကိုင်အ ခွင့်အလမ်းများမှာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

သို့သော် ကမ္ဘောဒီးယားနိုင်ငံသား သုံးပုံတစ်ပုံခန့်သည် ဆင်းရဲသားများဟု  သတ်မှတ်ရခါနီး အခြေအနေ၌ရှိသည်ဟု ကမ္ဘာဘဏ်က ယခုအချိန်အထိ သတ်မှတ်ထားဆဲ ဖြစ်သည်။ နိုင်ငံသားများ၏ တစ်ဦးချင်း ပျမ်းမျှနှစ်စဉ်ဝင်ငွေမှာလည်း ဒေါ်လာ ၁၃၈၀ ဝန်းကျင်တွင်သာ ရှိသဖြင့် မဲခေါင်ဒေသမှ အိမ်နီးချင်း နိုင်ငံအများအပြားထက် နိမ့်ကျလျက်ရှိသည်။

ထိုစဉ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘောဒီးယားစီးပွားရေးကို စိုက်ပျိုးရေးမှ အသွင်ကူးပြောင်းမှုအား ပိုမိုမြန်ဆန်စေပြီး နိုင်ငံအနှံ့တွင် လမ်းသစ်များ၊ ဆိပ်ကမ်းသစ်များ၊ အဆောက်အအုံသစ်များ ဆောက်လုပ်ရန်အတွက် ငွေအများအပြား ပုံအောဝင်လာခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းများ မှိုလိုပေါက်လာစဉ် လုံခြုံရေးအဆင့်အတန်းမမီသည့် ကိစ္စမှာလည်း စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံထဲရှိ ဆောက်လုပ်ရေးအလုပ်သမား ၂၀ဝ,ဝ၀ဝ ကျော်အား ဥပဒေအရ ကာကွယ်ပေးမှုမှာ အနည်းအကျဉ်းသာရှိသည်။ အများစုမှာ နေ့စားအလုပ်သမားများဖြစ်ပြီး သမဂ္ဂများလည်း မရှိ၊ အကာအကွယ်ပေးမည့် အနိမ့် ဆုံးနေ့စားလုပ်အားခဆိုင်ရာ ဥပဒေလည်းမရှိနှင့် အလုပ် လုပ်နေရခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ဆိုသည်။

ဇွန် ၁၅ ရက် အဆောက်အအုံ ပြိုကျမှုဖြစ်စဉ်သည် ကြီးကြပ်မှု ပေါ့လျော့ခြင်းကြောင့်ဖြစ်သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြစ်တင်ခဲ့ပြီး အကြီးတန်းအစိုးရအရာရှိတစ်ဦးကို အလုပ်မှထုတ် ပယ်ခဲ့ကာ အခြားတစ်ဦးမှာ နုတ်ထွက်ခဲ့ရသည်။ ထိုမတော်တဆမှုအတွင်း သေဆုံးသူများ၏ကျန်ရစ် သူမိသားစုများ၊ အသက်ရှင်ကျန်ရစ်သူများကို ဟွန်ဆန်က ဒေါ်လာ ၁၀,ဝ၀ဝ မှ ၇၀,ဝ၀ဝ အထိ လျော် ကြေးပေးခဲ့သည်။

“ ကျွန်တော်တော့ ဆောက်လုပ်ရေးအလုပ်သမား ဘယ်တော့မှ ထပ်မလုပ်တော့ဘူး” ဟုအဆောက် အအုံပြိုကျမှုအတွင်း အသက်ရှင်ကျန်ခဲ့သည့် အလုပ်သမားတစ်ဦးက ပြောကြားခဲ့သည်။   

No comments:

Post a Comment