Monday, July 1, 2019

ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးပေါက်ခဲ့တဲ့ ဟသာင်္တမြို့မှ အဘွားဒေါ်ခင်တင့်ရဲ့ ဝမ်းသာပီတိစကား

"အမေ့ အသက်က ၈၀ ရှိပြီ။ ထီက တစ်ခါမှ မပေါက်ဖူးဘူး။ အမေ့ယောက်ျားစစ်သားက ဆုံးသွားပြီ သူ့ပင်စင်လေး ၈၇၅၀ ရတယ်။ အခုတစ်ခါမှ ပေါက်ဖူးတာ။ အကြွေးလစဉ်ထိုးတာ။ ၀မ်းသာလိုက်တာ။ မရှိလွန်းအားကြီးလို့။ သားတွေပေးတဲ့ပိုက်ဆံကို ဆေးထိုးလိုက် လှူလိုက်၊ အလှူခံလာလည်း ၅၀၀ လှူတယ်။ ၊ ၁၀၀၀ လှူတယ် လှူမှာလို့ပြောပြီးတော့ ထီထိုးတာ အမေကြီးက စားလည်းစားမယ်၊ လှူလည်းလှူမယ်။ ရွာကို မပြန်ရသေးဘူး၊ ရွာမှာလဲလှူဦးမယ်။ အမေက ပေါက်၊ ပခုက္ကူ အဲဒီ့ကို ပြန်ဦးမှာ။ ထီလည်းပေါက်သွားပြီ။ သားတွေ လိုက်ပို့လို့ဆိုပြီး ပြောမှာ”

No comments:

Post a Comment