Monday, July 1, 2019

အစိုးရက မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့သို့ အပစ်ရပ်စာချုပ်မူကြမ်းများ ပေးအပ်

အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့က  မြောက်ပိုင်း လက်နက်ကိုင်လေး ဖွဲ့မှ လက်နက်ကိုင် တစ်ဖွဲ့ချင်းထံ သို့ ပဏာမအပစ်ရပ်စာချုပ် (မူကြမ်း)အဆိုပြုချက် ပေးအပ်ခဲ့ သည်။ ဇွန်လ ၃၀ရက်က ကျင်းပ သည့် မိုင်းလားလက်နက်ကိုင်အ ဖွဲ့၏ နှစ်(၃၀)ပြည့်ပွဲ အခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ဦးဆောင် သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ကချင်အဖွဲ့(KIO)၊ တအာင်း အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)တို့မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံစဉ် ပဏာမအပစ်ရပ်စာချုပ် (မူကြမ်း)များ ပေး အပ်ခဲ့သည်။



ပဏာမအပစ်ရပ် စာချုပ်မူကြမ်းပါ အချက်အလက်များအပေါ် ဆွေးနွေးညှိနှိုင်းနိုင်ရန်အ တွက် ပုံမှန်တွေ့ ဆုံဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ဆုံပွဲတွင် ကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က  ပြောကြားကြောင်းTNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

တစ်နာရီကျော်ကြာ ပြုလုပ်သည့် အဆိုပါ အလွတ်သဘော ဖြစ်မြောက်ရေး မိုင်းလားအဖွဲ့ကစေ့စပ်ကူညီခဲ့ကြောင်း အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။

‘‘နောက်နှစ်ပတ် (သို့မဟုတ်) သုံးပတ်လောက်အတွင်း မှာ ပြန်လည်တွေ့ဆုံနိုင်ဖို့ အဆိုပြုထားတာ ရှိတယ်။ ကျွန်တော်တို့ပေးတဲ့ အဆိုပြုချက်တွေအပေါ် မှာ သုံးသပ်ပြီးရင် ပြန်လည်ဆွေးနွေးနိုင်ဖို့ မျှော်လင့်တာပေါ့’’ဟု ဦးလှမောင်ရွှေက ပြောကြား သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ အပစ်ရပ်စာချုပ်မူကြမ်းများ ပေးအပ်နိုင်မှုသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဟု မှတ်ချက်ပြုသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့သည် ဧပြီ ၃၀ရက်က မူဆယ်မြို့၌ တွေ့ဆုံစဉ် Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့က အစိုးရထံ အပစ်ရပ်စာချုပ် မူကြမ်းများ ပေးအပ်ခဲ့ရာ နှစ်လအကြာတွင် အစိုးရက ယခု ကဲ့သို့ စာချုပ်မူကြမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ စာချုပ်မူကြမ်းများနှင့်ပတ်သက်ပြီး မေလအတွင်း တွေ့ဆုံရန် ချိန်းဆိုသော်လည်း ဆွေးနွေးပွဲ ကျင်းပမည့်နေရာ မညှိနှိုင်းနိုင်ခြင်းကြောင့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များအနက် မြောက်ပိုင်းလေးဖွဲ့မှ အပ ကျန်အဖွဲ့များသည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် Bilateral ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုထားသည်။

No comments:

Post a Comment