Monday, July 1, 2019

နှစ် ၁၀ဝ ကျော် သက်တမ်းရှိ မီးရထားရုံးချုပ်ဟောင်းမှာ အောက်ခြေ ဖောင်ဒေးရှင်း သုံးပေသာ ရှိသဖြင့် လက်ရှိတွင် နံရံအခွံကို အောက်ခြေ၌ Pile Foundation ထည့်သွင်း လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ လုပ်ဆောင်မှု ပြီးစီးပါက ရုံးချုပ်ဟောင်းမှ ဖြုတ်ထားသော အစိတ်အပိုင်းများ တစ်စစီ ပြန်လည် တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ ပြန်လည် မွမ်းမံမှုအတွက် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံခဲ့ရ

မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို တစ်စစီ ဖြိုဖျက်ပြီး နံရံအခွံ အောက်ခြေတွင် Pile Foundation ထည့်သွင်းမှု လုပ်ဆောင်နေသည့် လုပ်ငန်းခွင်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်နွစ္ ၁၀ဝ ကျော် သက်တမ်းရှိ မီးရထား ရုံးချုပ်ဟောင်းမှာ အောက်ခြေဖောင်ဒေးရှင်း သုံးပေသာ ရှိသဖြင့် လက်ရှိ အခြေအနေတွင် Underfill Technology အသုံးပြု၍ နံရံအခွံအား အောက်ခြေ၌ Pile Foundation ထည့်သွင်းမှု လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ လုပ်ဆောင်မှု ပြီးစီးပါက ရုံးချုပ်ဟောင်းမှ ဖြုတ်ထားသော အစိတ်အပိုင်းများကို တစ်စစီ ပြန်လည် တပ်ဆင်မည်ဖြစ်ပြီး ထိုသို့ ပြန်လည် မွမ်းမံမှုအတွက် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံခဲ့ရကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှု အဆင့်ဆင့် ပြီးစီးပါက မူလ ရှေးဟောင်း အဆောက်အအုံအတိုင်း ပြန်လည် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို လုပ်ကိုင်ခွင့် ရရှိထားသည့် FMI ၏ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောကြားသည်။


FMI က ဒေါ်လာ သန်း ၇၀ဝ ခန့် အသုံးပြု၍ လုပ်ဆောင်နေသည့် Yoma Central စီမံကိန်းတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Mixed-Used ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြန်မာ့ မီးရထားရုံးချုပ်ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းတို့ ပါဝင်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို ဖြိုဖျက်လိုက်သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းက လုပ်ငန်းဆောင်ရွက်မှု ပုံစံများကို ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ တကယ့်ကို Creative  ဖြစ်တဲ့ Construction Technology သုံးရတယ်။ ဘယ်လိုလုပ်ရလဲ ဆိုတော့ ဒီတိုက် တစ်ခုလုံးရဲ့ Structure Building အောက်မှာ လုံလောက်တဲ့ ဖောင်ဒေးရှင်း ရှိရမယ်။ အဲဒီအတွက် ဘယ်လိုလုပ်ရလဲဆို Underfill လို့ခေါ်တဲ့ နည်းပညာ သုံးရတယ်။ မြန်မာလို လွယ်လွယ်ပြောရရင် ဒီတိုက် တစ်ခုလုံးမှာ ခြေထောက်သစ် ထည့်ပေးရတယ်။ ဒီတိုက် တစ်ခုလုံး ခြေထောက်သစ် ထည့်ပေးတဲ့အချိန်မှာ သူ့ရဲ့ လက်ရှိ Structure တစ်ခုလုံး မပျက်အောင် ထားရတယ်။ ထားတဲ့အချိန်မှာ လက်ရှိ Stage မှာ အခွံတစ်ခုလုံး ချန်ထားပြီးတော့ အောက်မှာ Pile Foundation သွားဆောက်တယ်။ ဆောက်ပြီးတဲ့အချိန်မှာ သူ့ရဲ့ဟာတွေ အကုန်တစ်စချင်း ပြန်တပ်ရမယ်။ အခု ဖြုတ်ထားတာတွေ အကုန်လုံးက ဂိုဒေါင်ထဲမှာ တစ်ခုချင်းစီ မှတ်တမ်းတင်ထားတယ်။ ဥပမာ ဒီထောင့်၊ ဒီနေရာ၊ ဒီအုတ်၊ ဒီသစ်သား၊ ဒီပစ္စည်း အကုန်လုံး ကျွန်တော်တို့ ထည့်ထားတယ်။ ဒီဥစ္စာကို ပြန်ပြီးတော့ ဆောက်ရတာက အရမ်းအနုစိတ်ပါတယ်။ အသေးစိတ်ပါတယ်။ ပညာရှင်တွေက တိုက်ဆောက်တဲ့ ပညာရှင်တင် မကတော့ဘူး။ ရှေးဟောင်း ထိန်းသိမ်းတဲ့ ပညာရှင်ပါ ပါလာတယ်။ ပြီးလို့ရှိရင် ဗိသုကာပိုင်းဆိုင်ရာ ပညာတွေအတွက် Reference ယူရတာတွေပါ ပါလာတယ်။ ဆိုတော့ ဒါကို ဆောင်ရွက်ဖို့အတွက် ဘယ်လောက်အထိ သွားလုပ်ရလဲဆို ကျွန်တော်တို့ မြန်မာပြည်မှာ မှတ်တမ်း မရှိပါဘူး။ အဲဒါကြောင့် UK အထိ သွားရတယ်။ UK မှာ ဒီတိုက်ကို ဆောက်တဲ့ မှတ်တမ်းကအစ လိုက်ရတယ်။ ထူးထူးဆန်းဆန်း ဘာသွားတွေ့လဲဆို ဒီတိုက်က တစ်ခါတည်း ဆောက်ခဲ့တာ မဟုတ်ဘူး။ အပိုင်းလိုက် ဆောက်ခဲ့တာ။ ဒါက အဲဒီအချိန်မှ ကျွန်တော်တို့လည်း သိရတာ” ဟု ဦးထွန်းထွန်းက ပြောကြားသည်။


ထိုသို့ လုပ်ဆောင်မှု မရှိပါက မီးရထားရုံးချုပ်ဟောင်းမှာ ငလျင်ဒဏ်နှင့် သဘာဝဘေးဒဏ်များ ခံနိုင်ရည် မရှိသည့်အပြင် ထိုသို့ တစ်စစီဖြုတ်၍ Pile Foundation ထပ်မံ ထည့်သွင်း၍ မူလ ရှေးဟောင်း အဆောက်အအုံပုံစံအတိုင်း လုပ်ဆောင်ခြင်းမှာ အသစ်ပြန်လည် တည်ဆောက်ခြင်းထက် ကုန်ကျစရိတ် သုံးဆခန့် ပိုမိုကြောင်းလည်း ဦးထွန်းထွန်းက ပြောကြားသည်။

ကြမ်းခင်း ဧရိယာ ၂ ဒသမ ၄၄ သန်းခန့်ရှိသည့် Yoma Central စီမံကိန်းတွင် နာမည်ကြီး Peninsula အမှတ်တံဆိပ် လူနေ အိမ်ခန်းများ၊ Grade A အဆင့်ရှိ ရုံးခန်း တာဝါ နှစ်ခုနှင့် စီးပွားရေး လုပ်ငန်းသုံး ဟိုတယ် တစ်လုံး၊ ဝန်ဆောင်မှုပါရှိသည့် လူနေအိမ်ခန်းများနှင့် ယင်းတို့ကို Shopping Center တစ်ခုနှင့် ချိတ်ဆက်မည့် စီမံကိန်းများ ပါဝင်မည် ဖြစ်ကြောင်း ဦးသိမ်းဝေက ပြောကြားထားသည်။

“၂၀၂၁ ခုနှစ် ဘဏ္ဍဍာရေးနှစ် လုပ်ငန်းတွေ အားလုံးပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်း အိမ်ခြံမြေ စီမံကိန်းတွေရဲ့ စံပြ ဖြစ်လာမှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၇၀ဝ ကျော် မြှုပ်နှံသွားမှာ ဖြစ်ပြီး အိမ်ခြံမြေကဏ္ဍဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံး စီမံကိန်း ဖြစ်လာပါမယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

အမေရိကန် ဒေါ်လာ သန်း ၇၀ဝ ကျော် ကုန်ကျမည် ခန့်မှန်းထားသည့် အဆိုပါ Yoma Central စီမံကိန်းအတွက် FMI မှ ရှယ်ယာ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic မှ ရှယ်ယာ ၄၈ ရာခိုင်နှုန်း ၊ Mitsubishi Corporation , Mitsubishi Estate Co, Ltd (Collectively) မှာ ရာခိုင်နှုန်း ၃၀၊ IFC မှ ငါး ရာခိုင်နှုန်းနှင့် ADB မှ ငါး ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ကြမည် ဖြစ်သည်။

မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို    The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်း အပိုင်းတွင် Hongkong and Shanghai Hotel က ရာခိုင်နှုန်း ၇၀၊ Yoma Strategic မှ အစုရှယ်ယာ ၂၄ ရာခိုင်နှုန်း နှင့် FMI က ရှယ်ယာ ခြောက် ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။

လက်ရှိတွင် မီးရထား ရုံးချုပ်ဟောင်းကို တစ်စစီဖြုတ်၍ နံရံအခွံ၏ အောက်ခြေ၌ Pile Foundation ထည့်ခြင်း လုပ်ငန်းစဉ်မှာ စီမံကိန်း၏ အစပိုင်းသာ ရှိနေသေးပြီး ထိုသို့ လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာဌာန အသီးသီးမှ ခွင့်ပြုချက်များ တောင်းခံခဲ့ရကြောင်းနှင့် အဆိုပါ လုပ်ငန်းစဉ် အားလုံး ပြီးဆုံးပါက မြန်မာ့မီးရထား ရုံးချုပ်ဟောင်း မှာ မူလ ရှေးဟောင်း အဆောက်အအုံ ပုံစံအတိုင်း အသစ်တဖန် ပြန်လည် ပေါ်ထွက်လာမည် ဖြစ်ကြောင်း ဦးထွန်းထွန်းက ပြောကြားသည်။

“ထပ်ပြောရရင် ဒီသက်တမ်းရှိတဲ့ တိုက်ကို တစ်စစီဖြိုပြီး အသစ်ဆောက်တာ နဲ့ ဒီလိုမျိုး ပြန်လည် ဆောက်လုပ်တာက အနည်းဆုံး သုံးဆလောက် ပိုကုန်ပါတယ်။ ဒီလိုမျိုး ပြန်လည် တည်ဆောက်ဖို့အတွက် စိန်ခေါ်မှု အများကြီးရှိသလို ခွင့်ပြုချက် အများကြီး ယူခဲ့ရတယ်။ မြေရှင်ဖြစ်တဲ့ ရထား။ ရန်ကုန်မြို့မှာ အဆောက်အအုံဟောင်းတွေ ထိန်းတဲ့ YHT ။  ပြီးရင် YCDC ။  ပြီးလို့ရှိရင် အစိုးရပိုင်း။ ပြီးလို့ရှိရင် တခြား နိုင်ငံတကာကနေ ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းတဲ့ Standard ။ အကုန်လုံး ကြည့်ပြီးမှ လုပ်ခဲ့ရတာ” ဟု ဦးထွန်းထွန်း က ဆက်လက် ပြောကြားသည်။ 

No comments:

Post a Comment