Monday, July 1, 2019

တိုက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ်တချို့ အမိုးလန်ပျက်စီး

42ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အလဘုတ်ကျေးရွာအုပ်စုမှာ ဇူလိုင် ၁ ရက်၊ မနက် ၂ နာရီခွဲလောက်က လေပြင်းတိုက်ခတ်လို့  လူနေအိမ် ၆လုံး အမိုးလန်ပျက်စီးသွားပါတယ်။  ဒါအပြင် သစ်ပင်တွေလဲကျလို့ ဘုန်းကြီးကျောင်းနတ်လမ်းတချို့ ထိခိုက် ပျက်စီးသွားခဲ့တယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက ပြောပါတယ်။ “ည ၂ နာရီခွဲ လောက်မှာ ဆရာတော်ဖုန်းဆက်လို့ သွားကြည့်တော့ လူနေအိမ် ၆ လုံး အမိုး၊ အကာတွေလန်ပြီး ပျက်စီးနေတာကိုတွေ့တယ်။ ဘုန်းကြီးကျောင်းထဲက သစ်ပင်တွေလဲပြီး နတ်လမ်းပေါ်ကျလို့ နတ်လမ်းတချို့ ပျက်စီးသွားပါတယ်”


အလဘုတ်ကျေးရွာနေ ကိုဝဏ္ဏက”လေပြင်းတိုက်လို့ ပျက်စီးတဲ့ အထဲမှာ နေအိမ် ၃ လုံးက အခြေအနေဆိုးတယ်။ ကျန်တဲ့အိမ်တွေက အမိုး၊အကာတွေလန်တာလောက်ပဲ။ ကျန်အိမ် ၃လုံး ကမြေကျသွားတာ။ မိုးတွင်းဘက်ဆိုတော့ လောလောဆယ်ရွာသားတွေ အကူအညီနဲ့ အမိုးလန်တဲ့ အိမ်တွေကို ပြန်ပြင်ပေးနေပြီး ပြိုကျတဲ့အိမ်တွေကိုတော့ ယာယီတဲဆောက်နေ နိုင်အောင်လုပ်ပေးထားတယ်”လို့ပြောပါတယ်။

လေပြင်းတိုက်လို့ ပျက်ဆီးဆုံးရှုံးမှုပမာဏ ခန့်မှန်းတန်ဖိုးငွေ  ကျပ် ၂၇ သိန်းလောက်ရှိနိုင်ပြီး လေဘေးသင့် အိမ်ထောင်စု ၆ စု၊လူဦးရေ  ၃၀ လောက်ရှိမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

No comments:

Post a Comment