Monday, July 1, 2019

သီရိလင်္က࿿ာ၌ သေဒဏ် ပြန်ကျင့်သုံးရန် ကြိုးပမ်းမှုမှာ တရားရေးစိန်ခေါ်မှုနှင့် ကြုံနေရ

၄၃ နှစ်ကြာ ရပ်နားထားခဲ့သော သေဒဏ်ကို ပြန်လည်အသက်သွင်းပြီး မူးယစ်ဆေးဝါးမှု ကျူးလွန်သူများကို စတင်ကွပ်မျက်ရန် သီရိလင်္က࿿ာသမ္မတ၏ ကြိုးပမ်းမှုသည် တရားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အစိုးရအရာရှိများက ဇွန် ၃၀ ရက် တွင် ပြောကြားခဲ့သည်။ေ သဒဏ်ပေးခြင်းကို ပြန်စရန် သမ္မတမေသရီပါလာသီရိသေနာ၏ မည်သည့် ကြိုးပမ်းမှုကိုမဆို ပိတ်ပင်တားမြစ်ရေးအတွက် ဇွန် ၂၈ ရက်က အယူခံတရားရုံးသို့ အယူခံနှစ်စောင် တင်သွင်းထားကြောင်း သိရသည်။ သီရိလင်္က࿿ာနိုင်ငံတွင် ၁၉၇၆ ခုနှစ် ဇွန်လကတည်းက သေဒဏ်ပေးခြင်းကို မလုပ်ဆောင်တော့ခြင်းဖြစ်သည်။ “လာမယ့်သီတင်းပတ်ကျရင် အယူခံတရားရုံးမှာ ကနဦးကြားနာမှု တစ်ခုလုပ်လိမ့်မယ်” ဟု တရားရုံးတာဝန်ရှိ သူတစ်ဦးက ပြောခဲ့သည်။



မူးယစ်ဆေးဝါးမှုကျူးလွန်သူလေးဦးကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကွပ်မျက်ရန် လက်မှတ်ရေးထိုးအတည်ပြုခြင်းဖြင့် ကြိုးမိန့်ပေးခြင်းကို ပြန်စတင်ရန် လုပ်ဆောင်စရာရှိသည်များ လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း သီရိသေနာက ဇွန် ၂၆ ရက်က ပြောကြားခဲ့သည်။ သီရိလင်္က࿿ာတွင် နောက်ဆုံးကွပ်မျက်မှုကို လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ပါးကွက်သားတာဝန်ကို ယူထားသူသည် ၂၀၁၄ ခုနှစ် ကမှ အငြိမ်းစားယူသွားခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း ထိုနေရာတွင် သုံးကြိမ်အစားထိုးခန့်အပ်ခဲ့သော်လည်း အားလုံးနုတ်ထွက်သွားခဲ့ကြသည်။

ယခုကဲ့သို့ သေဒဏ်ကို ပြန်စရန် သီရိသေနာ၏ ကြိုးပမ်းမှုသည် နိုင်ငံတကာမှ ဝေဖန်မှုများနှင့်လည်း ကြုံနေရသည်။ မည်သို့ပင်ဖြစ်စေ သေဒဏ်ကို အမှန်တကယ်စတင်ရန် ရှည်လျားသော လုပ်ထုံးလုပ်နည်းများကို ဖြတ်ကျော်ရဦးမည်ဟု တရားရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောနေကြသည်။

နိုင်ငံထဲ၌ မူးယစ်ဆေးစွဲသူ ၂၀ဝ၀ဝ၀ ကျော် ရှိနေကြောင်း၊ အကျဉ်းထောင်ထဲမှ ထောင်သားဦးရေအနက် ရာခိုင်နှုန်း ၆၀ မှာ မူးယစ်ဆေးမှု ကျူးလွန်သူများဖြစ်ကြောင်း သီရိသေနာက ပြောကြားခဲ့သည်။

သီရိလင်္က࿿ာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှုတို့တွင် ကျူးလွန်သူကို သေဒဏ်များ ချမှတ်လေ့ရှိသော်လည်း ၁၉၇၆ ခုနှစ်နောက်ပိုင်း ယင်းသေဒဏ်များကို ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲခဲ့သည်။

No comments:

Post a Comment