Monday, July 1, 2019

ပေါင်တွင် ချန်ပီယံလိဂ်ဖလားပုံ တက်တူးထိုးခဲ့သည့် လီဗာပူးအသင်းခေါင်းဆောင်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ပေါင်မှာ ဆုဖလားပုံ တက်တူးရေးထိုးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အပန်းဖြေ ခရီးထွက်နေချိန်မှာ တက်တူးဆရာတဦးနဲ့အတူ ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်နဲ့ တက်တူးဆရာတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း  အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဟန်ဒါဆန်အတွက် ဂုဏ်ယူကြောင်းကိုလည်း တွန်မီမွန်တိုယာ တက်တူး စတူဒီယိုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။


အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ဟာ သူ့ရဲ့ ကစားသမားဘ၀တလျှောက် ပထမဆုံး ဥရောပချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ အင်္ဂလန်ကွင်းလယ်လူဟောင်း စတီဖင်ဂျရက်က ဥရောပချန်ပီယံ ဆုဖလားကို အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း  ဟန်ဒါဆန်က ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်ရဲ့ ပေါင်မှာ ရေးထိုးထားတဲ့တက်တူးမှာ ချန်ပီယံဆုဖလားပုံနဲ့အတူ ဗိုလ်လုပွဲကျင်းပခဲ့တဲ့ နေ့ဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်လည်း ပါဝင်ရေးထိုးထားတာဖြစ်ပါတယ်။

No comments:

Post a Comment