Monday, July 1, 2019

ထိုင်းမယ်စကြ၀ဠာပြိုင်ပွဲ၌ ထိုင်း-ကရင်အလှမယ် မီးမီး မျက်နှာအလှရှင်ဆုရရှိ၊ ထိပ်တန်းဆန်ကာတင် ၂၀ စာရင်းဝင်

65429204_2463542380393766_2410017471042945024_n၂၀၁၉ ခုနှစ် ထိုင်းမယ်စကြ၀ဠာပြိုင်ပွဲကို ဇွန် ၂၉ ရက်ညက ကျင်းပသွားရာမှာ ထိုင်း-ကရင် အလှမယ် မီးမီး (ခ) ကန်ဆူဒါ ချနခီရီက နောက်ဆုံးအဆင့် ထိပ်တန်းအလှမယ်  ၂၀ ဦး ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့တဲ့အပြင် Face of Beauty မျက်နှာအလှရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။ အခုလိုမျက်နှာအလှရှင်ဆု ရရှိခဲ့တဲ့အပေါ်မှာ မီးမီးက ဒီလို အကောင်းဆုံးအခွင့်အရေး ပေးခဲ့တဲ့အတွက် လွန်စွာကျေးဇူးတင်ရှိကြောင်း၊ မိမိအိပ်မက်အတွက် ဆက်လက်ကြိုးစားသွား မှာဖြစ်ကြောင်း၊ အခုလို ၀မ်းမြောက်ပျော်ရွှင်ဖွယ်ရာတွေ ရရှိခဲ့တဲ့ကျေးဇူးကို ဒီတသက်မမေ့ နိုင်ကြောင်း ”  FACE OF BEAUTY BY WUTTISAK လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။


အသက် ၂၁ နှစ်အရွယ် အလှမယ် မီးမီးဟာလက်ရှိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နေထိုင်ပြီး သူ့ရဲ့  ဖခင်က ထိုင်းလူမျိုး ၊ မိခင်က မြန်မာပြည်ဖွား ကရင်တိုင်းရင်း သူဖြစ်ပါတယ်။

သူဟာ ချင်းမိုင်မြို့ရှိ ရာ့ချဖတ်တက္ကသိုလ် ဆရာဖြစ်သင်ဌာနမှာ အနုပညာဘာသာ အဓိကနဲ့ တက်ရောက်နေသူလည်းဖြစ်ပါတယ်။

ထိုင်းမယ်စက်ြဝဠာပြိုင်ပွဲဝင်ခွင့်အတွက် လူတွေ့မေးဖြေစစ်ဆေးစဉ် အုပ်ထိန်းသူမရှိ၊ ထောက်ပံ့သူမရှိဘဲ နယ်ကနေ တဦးတည်းလာရောက်ခဲ့တာဖြစ်ပြီး မိမိဟာ မြန်မာဖြစ်ကြောင်း၊ အင်္ဂလိပ်လို မတတ်ကြောင်း ပွင့်လင်းရိုးသားစွာ ပြောပြခဲ့တဲ့အတွက် အကဲဖြတ်လူကြီးနဲ့ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ချက်ကနေ အားပေးနေတဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်၊ သနား၊ အားပေးမှုတို့ကို ရရှိခဲ့ပါတယ်။

၂၀၁၉ ထိုင်းမယ်စကြ၀ဠာပြိုင်ပွဲရဲ့ အလှမယ်သရဖူကိုတော့  ခါးနံပတ် ၁၉ ပိုင်ရှင် ဖာ့ဆိုင် ခေါ် ပ၀င်ဆူဒါဒူဝင်း ဆိုတဲ့  အသက် ၂၅ နှစ်ရွယ်ရှိ ထိုင်း-ကနေဒါ ကပြား အလှမယ် က ရရှိသွားခဲ့ပါတယ်။  စနေနေ့ညက ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ထိုင်းနိုင်ငံတ၀န်းက   အလှမယ်စုစုပေါင်း ၅၇ ဦး ၀င်ရောက်ယှဉ်ခဲ့ကြတာဖြစ်ပါတယ်။

No comments:

Post a Comment