Monday, July 1, 2019

မီတာခတိုးမြှင့်ကောက်ခံမှုအပေါ် မန္တလေးမှအလုပ်သမားအချို့ ကမ်ပိန်းပြုလုပ်

မီတာခတိုးမြှင့်ကောက်ခံမှုအပေါ် လူထုလှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို မန္တလေးမှအလုပ်သမားအချို့ က ယနေ့ဇူလိုင် ၁ ရက်တွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်က ဦးဆောင်ကာ " လစာမတိုး မီတာခတိုးသည် " ဟူသည့် စာတန်းများကိုင်ဆောင်၍ မန္တလေးပြည်ကြီးတံခွန်မြို့နယ်ရှိ ၄င်းတို့ ၏ ရုံးခန်းမှစတင်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရအနေဖြင့် မီတာခတိုးမြှင့်ကောက်ခံခြင်းကို တစ်ဆင့်ခြင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ရုတ်တရက် အဆပေါင်းများစွာတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း၊ ယခုတွင် စတင်ပေးဆောင်ရမည့် မီတာခနှင့်အလုပ်သမားများ၏ လုပ်ခလစာရရှိမှုအပေါ်မူတည်တွက်ချက်ကာ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချူပ်အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောသည်။

No comments:

Post a Comment