Monday, July 1, 2019

ဖျာပုံတွင် တတိယ​တန်း​ကျောင်းသူ အဓမ္မပြုကျင့်ခံရ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံမြို့နယ်​၊ ကျုံကဒွန်း ​ကျေးရွာတွင် ၁၀ နှစ်​အရွယ်​ တတိယတန်း​ကျောင်းသူတစ်​ဦးဇွန်လ ၂၈ ရက်နေ့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သတင်း ရသည်။ အဖေဖြစ်သူထံ ညောင်းတုန်းမြို့နယ်​၊ ကညင်​​ကောက်​​​​ကျေးရွာအုပ်​စု၊ရိုးကြီး​ကျေးရွာ​နေ မျိုးမင်း(ခ)​စောဒါဝီမှ လာရောက်တည်းခိုစဉ် သမီး ၂ ဦးအနက်မှ ၁၀ နှစ် အရွယ် တတိယတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါကျေးရွာနေဒေသခံများထံမှသိရသည်။



မျိုးမင်း(ခ)​စောဒါဝီသည်​ ၁၁ နှစ်​အရွယ်​​ ကျောင်းသူနှင့်​ ၁၀ နှစ်​အရွယ်​ကျောင်းသူတို့ကို ကျောင်းသို့လိုက်​ပို့ပြီး မိုးမိသဖြင့်​ ၁၀ နှစ်​အရွယ်​​ကျောင်းသူမှာ လွယ်​အိတ်​​ရေစိုသဖြင့်​ အိမ်​သို့ပြန်​​လိုက်​လာပြီး အိမ်​၌ အတူရှိ​နေစဉ်​ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အဓမ္မပြုကျင့်သူ မျိုးမင်း(ခ)စောဒါဝီကို ရဲတပ်ဖွဲ့မှ သမိန်​​ထော​​ကျေးရွာနှင့်​ ကံဆိပ်​​ကျေးရွာ အကြားရှိ ကားလမ်း​ပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ကျုံကဒွန်းနယ်မြေရဲစခန်းတွင် (ပ)၁၆၂/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင့်​ အမှုဖွင့်​ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment