Monday, July 1, 2019

ဆီလီကွန်မျက်နှာဖုံးတပ်ကာ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ယောင်ဆောင်ပြီး ဒေါ်လာ သန်း ၉၀ လိမ်လည်သွား

ဆီလီကွန်မျက်နှာဖုံးတပ်ကာ ပြင် သစ်ကာကွယ်ရေးဝန်ကြီးယောင်ဆောင် ပြီး ဒေါ်လာ သန်း ၉၀ ခန့် လိမ်လည်သွား မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ လီဒရီ ယန်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ဥ ရောပနှင့်နိုင်ငံခြားရေးရာဝန်ကြီးဖြစ် သည်။ ၎င်းသည် ပြင်သစ်အစိုးရအဖွဲ့တွင် အရေးပါအရာရောက်သူဖြစ်သော်လည်း မီဒီယာများတွင် ထင်ထင်ပေါ်ပေါ်နေလေ့ ရှိသူမဟုတ်ပေ။ ထို့ကြောင့်ပင် လူလိမ်က ၎င်းအဖြစ် အယောင်ဆောင်ရန် လုပ် လိုက်ခြင်းဖြစ်ပေလိမ့်မည်။



ဝန်ကြီးအ ယောင်ဆောင်သူ လူလိမ်က အခြားသောလူလိမ်အပေါင်းအဖော်များနှင့်ပေါင်းကာ လူချမ်းသာများကို ပိပိရိရိလိမ်သွားခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် သ တင်းထောက်များ ဖမ်းဆီးခံထားရသဖြင့်
ငွေဖြင့် ရွေးရမည်ဖြစ်သည့်အတွက် ပါ ဝင်လှူဒါန်းကြပါရန် အဆိုပါအယောင် ဆောင်က အစိုးရအရာရှိများနှင့် လူချမ်းသာစီးပွားရေးလုပ်ငန်းရှင်များကို ပန်ကြား ခဲ့သည်။ အချို့က မယုံသဖြင့် ငွေမထည့် ကြသော်လည်း ယုံသူများက ဒေါ်လာ သန်းပေါင်းများစွာ ထည့်ဝင်လှူဒါန်းခဲ့ ကြသည်။

ပထမတွင် ၎င်းသည် လုပ်ငန်း ရှင်များနှင့် ဖုန်းဖြင့်သာ စကားပြောသည်။ ထို့နောက်တွင် Skype သုံးကာ ဗီဒီယို ကောလ်ခေါ်သည်။ ဗီဒီယိုအရည်အသွေး က မကောင်း၊ ထိုလူကလည်း ထိုစဉ်က သမ္မတပုံကို နောက်တွင်ချိတ်ထား၊ ထို့ ပြင် ပြင်သစ်အလံကိုလည်း နောက်ခံထား၊ ဝန်ကြီးရုံးခန်းထဲရှိစားပွဲအသွင် အပြည့် ဖမ်းပြီးအလှူခံခဲ့သည်။ ထို့ကြောင့် အချို့ က ယုံမိသွားပြီး အလှူငွေဒေါ်လာသန်းချီ ထည့်ဖြစ်သွားခြင်းဖြစ်သည်။ အယောင် ဆောင်အမျိုးသား ချစ်က်လီကို ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးရမိပြီး ထိုအမှုကို အာ ဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေး နေသည်။

No comments:

Post a Comment