Monday, July 1, 2019

ကမ္ဘာပေါ်၌ တရုတ်သည် ဒုတိယအကြီးဆုံး ငွေတိုက်စာချုပ်ဈေးကွက်ဖြစ်လာ

အမေရိကန်ပြည်ထောင်စုပြီးလျှင် တရုတ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အစိုးရ ငွေတိုက်စာချုပ်ဈေးကွက်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။ ပြည်ပလုပ်ငန်းအဖွဲ့ အစည်းများသည် ယခုနှစ် မေလကုန်ထိ တရုတ်အ စိုးရ ရောင်းချသော ငွေတိုက်စာချုပ် ယွမ် ၁ ဒသမ ၈၈ ထရီလီယံ (၂၇၃ ဘီလီယံဒေါ်လာ) ဖိုးကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် တရုတ်အစိုးရ ငွေတိုက်စာချုပ်များကို တိုးမြှင့်ဝယ်ယူလျက်ရှိပြီး မေလတစ်လအတွင်းမှာပင် ယွမ် ၅၂ ဒသမ ၂ ဘီလီယံဖိုး ဝယ်ယူခဲ့ကြကြောင်း သိရသည်။ ငွေတိုက်စာချုပ်သာမက တရုတ်ရှယ်ယာများကိုလည်း ပြည်ပအဖွဲ့အစည်းများက တိုးမြှင့်ဝယ်ယူခဲ့ကြသည်။


လွန်ခဲ့သည့်နှစ်ကုန်အထိပြည်ပလုပ်ငန်း အဖွဲ့အစည်းများက တရုတ်ဈေးကွက်ရှယ်ယာ ဒေါ်လာ ၄၄၄ ဒသမ ၈ ဘီလီယံဖိုး ဝယ်ယူခဲ့ကြပြီး ထိုနှုန်းသည် ၂၀၁၄ နှစ်ကုန်ကနှုန်းထက် နှစ်ဆပိုများကြောင်း တရုတ် နိုင်ငံ ပြည်ပငွေကြေးလုပ်ငန်းများဌာနက ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ပထမ သုံးလပတ်အတွင်း ပြည်ပလုပ်ငန်းအဖွဲ့အစည်းများက တ ရုတ်အစိုးရ ငွေတိုက်စာချုပ်များ ဝယ်ယူနှုန်း ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံဖိုးရှိခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment