Monday, July 1, 2019

တရုတ်မဟာတံတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်က အတိမ်းအစောင်းမခံဘဲ အငြင်းပွားဖွယ်ဖြစ်နေ

သဘာဝတရား၊ ကာလကြာမြင့်လာမှု၊ လျစ်လျူပြုခံရမှုနှင့် ခြေလှမ်းသန်းပေါင်းများစွာတို့က တရုတ် မဟာတံတိုင်းကြီးအား တစ်စတစ်စနှင့် အလွန်အမင်းပျက်စီးစေခဲ့သည်။ ထိုတံတိုင်းအား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းမှာမူ အလွန်အမင်း လက်ဝင်နိုင်ပြီး အငြင်းပွားဖွယ်လည်း ကြုံနေရသည်။ ထိုတံတိုင်း၏ သက်တမ်းရင့်အပိုင်းတစ်ခုအား ဘိလပ်မြေသုံး၍ ပြုပြင်ခဲ့မှုကို လူထုက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီးနောက် အာဏာပိုင်များက အစဉ်အလာနည်းများ အသုံးပြုပြီး ပို၍စစ်မှန်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဟု အခိုင်အမာ ကတိပေးခဲ့သည်။ ယင်းအတွက်ကြောင့် ယခုအခါ  လားများ၏အကူ အညီဖြင့် အလုပ်ကြမ်းသမားများသည်  ပြန်လည်ဖော်ယူထားသော အုတ်ခဲများနှင့် သရွတ်များကို အသုံး ပြုနေကြရသည်။



“အဲဒီအုတ်ခဲတွေအားလုံးက မူလတံတိုင်းကနေ ပဲ့ထွက်လာတဲ့ဟာတွေပါ။ အဲဒီအုတ်ခဲတွေကို ဒီနေရာတွေမှာ ပြုပြင်ဖို့ အသုံးပြုခဲ့ပါတယ်” ဟု Jiankou အပိုင်းအား ပြုပြင်မှုအပိုင်းတွင် ပါဝင်သည့်အလုပ် သမားတစ်ဦးဖြစ်သော လီကျင်တုံက ပြောကြားခဲ့သည်။
ゞင်း၏ ဘေးပတ်ဝန်းကျင်တွင် အလုပ်သမားများက တံတိုင်းမှပြုတ်ကျထားသော ကျောက်တုံးကြီးတစ်တုံးအား မူလနေရာ၌ ပြန်ချထားရန်အတွက် လျှပ်စစ်ဝန်ချီစက်ဖြင့် လုပ်ဆောင်နေသည်။ ယင်းအချိန်တွင် လားများဖြင့် မတ်စောက်သည့်တောင်နံဘေးမှ ဖြတ်သန်း၍ သယ်လာခဲ့သည့် ရေနှင့် ထုံးများအား အလုပ်သမားများက ရောစပ်၍ ကျောက်တုံးများ တွယ်ကပ်စေရန် လုပ်ဆောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ကျောက်တုံးတစ်တုံး တွယ်ကပ်စေရန် အလုပ်သမားများသည် အချိန် ၄၅ မိနစ်ခန့်ယူရပြီး ゞင်းတို့သည် တစ်နေ့လုပ်အားခ ယွမ် ၁၅၀ (၂၂ ဒေါ်လာ) ရရှိကြသည်။

တရုတ်၏ထင်ရှားသော အထင်ကရနေရာအား မူလပုံစံမပျက် တည်တံ့စေရန်အတွက် သမားရိုးကျနည်းများဖြင့် ထိန်းသိမ်းပြုပြင်ရန် ယခုနှစ်အစောပိုင်း၌ စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုတံတိုင်းသည် တရုတ်အရှေ့ကမ်းရိုးတန်းမှ ဂိုဘီသဲကန္တာရအစွန်းအထိ ကီလိုမီတာထောင်ပေါင်းများစွာ ဖြန့်ကြက်၍ ရှည်လျားသည်။

နောက်ဆုံးပြုလုပ်နေသော အစီအစဉ်များသည် လူများအား ပြန်လည်ပြုပြင်နေသည်ဟု မထင်မှတ်မိစေရန်ဖြစ်ကြောင်း Jiankou အပိုင်းတွင် ပြန်လည်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ဆောင်မှု၌ ၁၅ နှစ် ကြာနေပြီဖြစ်သည့် အင်ဂျင်နီယာ Cheng Yongmao က ဆိုခဲ့သည်။

တရုတ်မဟာတံတိုင်းအား ဘီစီသုံးရာစုတွင် စတင်တည်ဆောက်ခဲ့ပြီး ရာစုနှစ်နှင့်ချီ ကြာမြင့်ခဲ့သည်။ Jiankou အပိုင်းအပါအဝင် ကီလိုမီတာ ၆၃၀ဝ နီးပါးအား မင် မင်းဆက် (၁၃၆၈-၁၆၄၄ ခုနှစ်) တွင် တည် ဆောက်ခဲ့သည်။

ယနေ့အချိန်တွင် မဟာတံတိုင်းသို့ နှစ်စဉ် ခရီးသွား ၁၀ သန်းခန့် လာရောက်လည်ပတ်နေကြသည်။ သို့သော် သက်တမ်းကြာမြင့်လာမှု နှင့် ရာသီဥတုဒဏ်များအပြင် ခရီးသွားများစွာကြောင့် တံတိုင်းကြီး၏  နေရာအများအပြားသည် ထိခိုက်ပျက်စီးနေပြီဖြစ်သည်။ ပျောက်ဆုံးသွားသော အပိုင်းများကိုပါ ထည့် သွင်းတွက်ချက်မှုအား မူတည်၍ ခန့်မှန်းခြေပျက်စီးမှုသည် ကီလိုမီတာ ၉၀ဝ၀ မှ ၂၁၀ဝ၀ အထိ အမျိုး မျိုးရှိနိုင်သည်။

ထိုအမွေအနှစ်အား ထိန်းသိမ်းနိုင်ရန် လာရောက်လည်ပတ်မှု အလွန်အမင်းများပြားသော Badaling အပိုင်းသို့ လည်ပတ်သူအရေအတွက်အား ဇွန် ၁ ရက်မှစ၍ တစ်ရက်လျှင် ၆၅၀ဝ၀ အထိသာ ကန့်သတ်ထားရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြသည်။

■ ကျိုးပျက်သွားလိမ့်မယ်

တရုတ်အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် မူလက ၁၃၈၁ ခုနှစ်၌ တည်ဆောက်ခဲ့သော တံတိုင်းအပိုင်းတစ်ခု၏ မညီညာသည့် လူသွားလမ်းနေရာအား ၂၀၁၆ ခုနှစ်တွင် ဘိလပ်မြေဖြင့် အချောကိုင်ခဲ့ရာ အချို့က သာမန်လူ သွားစင်္က࿿ြံနှင့်ပင်တူသည်ဟု ဝေဖန်ခဲ့ကြသည်။ ယင်းကဲ့သို့ အချောကိုင် နေသည့်ပုံများ လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ ရာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။

ယင်းကိစ္စနှင့် အခြားမထင်ရှားသောဖြစ်စဉ်များကြောင့် တံတိုင်းအား မူလအတိုင်းထိန်းသိမ်းရန် အစီ အစဉ်သစ်တစ်ခုအား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန် ခဲ့သည်။

မဟာတံတိုင်း ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွင် တာဝန်ပေးခံထားရသူအချို့က တံတိုင်း၏အပိုင်းအားလုံးသည် လည်ပတ်သူ အလွန်အမင်းများပြားပြီး ကေဘယ်ကားများရှိသည့် ပေကျင်းရှိ  Badaling အပိုင်းနှင့် ဆင်တူရမည်ဟု ပုံသေကားကျစိတ်ကူးများ ရှိနေကြကြောင်း ယဉ်ကျေးမှုအမွေအနှစ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဒါရိုက်တာ Song Xinchao က ဆိုခဲ့သည်။

တံတိုင်းပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းအား ခရီးသွားဆွဲဆောင်ရာနေရာဖြစ်လာစေရေး လုပ်ဆောင်မှုနှင့် ရောထွေးနေကြကြောင်း ゞင်းက ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် China Daily သတင်းစာ က ယခုနှစ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။

သို့သော် မြေပြင်အခြေအနေတွင်မူ အလုပ်သမားအချို့က နည်းလမ်းသစ်အား သံသယဝင်နေကြသည်။ ယခင်ကမူ တစ်ခုလုံးအား ပြုပြင်ခဲ့ကြကြောင်း၊ ယခုအခါ ပြုပြင်မှုများအား လျှော့လုပ်ပြီး မူလအတိုင်း မပျက်ယွင်းစေရေး ပိုမိုလုပ်ဆောင်လာကြကြောင်း Li Jingdong က ပြောကြားခဲ့သည်။

စည်းမျဉ်းသစ်များအရ မဟာတံတိုင်းဟောင်း၏ အလှတရားများအား ဆက်လက်ထိန်းသိမ်းရန် ရည်မှန်းချက်ကို ပြည့်မီစေနိုင်သော် လည်း ယင်းကဲ့သို့ နည်းလမ်းများသည် တာရှည်မခံဘဲ တံတိုင်းများ ပဲ့ထွက်ပျက်စီးမှု ဆက်လက်ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment