Monday, July 1, 2019

ညောင်တုန်းတွင် ဓာတ်လိုက်၍ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ မနေ့ညနေပိုင်းက ဓာတ်လိုက်ခံရပြီး ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ခတ္တိယကျေးရွာ ဝါဝါဝင်းငါးကန်မှာ မင်းမင်းစိုးနဲ့ အောင်အောင်တို့ ၂ ဦးဟာ ဝရိန်ဆော်ရုံကနေ အိပ်ဆောင်ကို ပြန်လာစဉ် ငါးကန်ဝရိန်ဆော်ရုံနဲ့ အိပ်ဆောင်ကြား ဝရိန်ဆော်ဖို့ သွယ်တန်းထားသော မီးကြိုးအား နင်းမိပြီး ဓာတ်လိုက်ခဲ့တာပါ။



ဓာတ်လိုက်ပြီး သံတို/သံစတွေပေါ် လဲကျကာ မင်းမင်းစိုး (၄၀) နှစ်မှာ မီးလောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

အောင်အောင်ကတော့ နောက်ကျော/ ပေါင် ပြတ်ရှဒဏ်ရာတွေရရှိကာ အခြေအနေစိုးရိမ်ရတာကြောင့် ညောင်တုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

မင်းမင်းစိုး သေဆုံးမှုအား မဲဇလီနယ်မြေ ရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိပါတယ်။

No comments:

Post a Comment