Monday, July 1, 2019

အဂတိလိုက်စားမှုဖြင့်တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်လဲ့လဲ့မော်၏ ဒုတိယအကြိမ် အာမခံလျောက်ထားမှု တရားရုံးက ပယ်ချ

အဂတိလိုက်စားမှုဥပဒေဖြင့် တနသာင်္ရ࿿ီတိုင်းဒေသကြီး တရားလွှတ်တော်တွင်တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်းဒေါက်လဲ့လဲ့မော်၏ ဒုတိယအကြိမ် အာမခံလျောက်ထားမှုကို ၁၇ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ဇူလိုင် ၁ ရက်တွင် တရားသူကြီးက ပယ်ချလိုက်ကြောင်း သိရသည်။ ဒေါက်တာလဲ့လဲ့မော်၏ အမှုအတောအတွင်း အချုပ်လွှတ်ထုချေခွင့်ပြုရန် ပြီးခဲ့သည့် ဇွန် ၁၇ ရက် ၁၄ ကြိမ်မြောက်ရုံးချိန်းတွင်တရားခံရှေ့ နေများက ဒုတိယအကြိမ်အဖြစ် အာမခံထပ်မံလျောက်ထားခဲ့ခြင်း ဖြစ်သည်။
ゞင်း၏ ဒုတိယအကြိမ် အာမခံလျောက်ထားမှုအတွက် ၁၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့်ဇွန် ၂၄ ရက်တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း တရားခံရှေ့ နေများက ဒေါက်တာလဲ့လဲ့မော်၏ ဆေးစစ်ချက်မှတ်တမ်းများကို ရုံးတော်သို့ တင်ပြခဲ့ပြီး ဆေးစစ်ချက်ထုတ်ပေးသော ဆရာဝန်ကိုရုံးတော်မှခေါ်ယူစစ်ဆေးပြီး ပေးရန်နှင့်စစ်ဆေးပြီးမှသာ အာမခံလျောက်ထားမှုကို အမိန့်ချပေးပါရန်လျောက်ထားခဲ့သဖြင့် ဇွန်လ ၂၅ ရက်နေ့ ၁၆ ကြိမ်မြောက်ရုံးချိန်း၌ ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျောက်ထားမှုနှင့်ပတ်သက်၍ ဒေါက်တာလဲ့လဲ့မော်ကို ဆေးစစ်ပေးခဲ့သည့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်နှစ်ဦးကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးခဲ့သည်။ အာမခံပယ်ချရသည့်အကြောင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးက အမိန့်ချရာတွင် ဒေါက်တာလဲ့လဲ့မော်၏ ပထမအကြိမ်အာမခံလျောက်ထားစဉ်က ရုံးတော်သို့ တင်ပြခဲ့သည့် ဆေးစစ်ချက်မှတ်တမ်းအတိုင်းပင် ယခုဒုတိယအကြိမ် အာမခံလျောက်ထားရာ၌ ထပ်မံတင်ပြလာခဲ့သဖြင့်မထူးခြားခြင်း၊ ရုံးတော်တွင်စစ်ဆေးချက်များအရ ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေးအနေအထားမှာ ထားဝယ်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသနိုင်သည့် အခြေအနေရှိနေခြင်း၊ ပထမအကြိမ်အာမခံကို တရားရုံးကပယ်ချစဉ် ဒေါက်တာလဲ့လဲ့မော်အနေဖြင့် အထက်တရားရုံးသို့  ထပ်မံလျောက်ထားခြင်းမရှိဘဲ ဒုတိယအကြိမ်အဖြစ် အာမခံထပ်မံလျောက်ထားခြင်း၊ ပထမအကြိမ်အာမခံပယ်ချသည့်အမိန့်မှာ လက်ရှိအချိန်ထိအတည်ဖြစ်နေခြင်း စသည့်အချက်များကြောင့် အာမခံပေးရန်မသင့်ကြောင်းသုံးသပ်သဖြင့် ဒုတိယအကြိမ်အာမခံလျောက်ထားမှုကို ပယ်လိုက်ကြောင်း တရားသူကြီးဖြစ်သူ ဦးခင်မောင်မောင်က အမိန့်ချခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ ကတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ ၄ ဦးကို တတိယအကြိမ်ရုံးထုတ်ခဲ့စဉ်က ဒေါက်တာလဲ့လဲ့မော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့ နေများက ဒေါက်တာလဲ့လဲ့မော်မှာ ထားဝယ်အကျဉ်းထောင်အတွင်း၌ နေထိုင်နေစဉ်ခြေလက်ထုံကျင်ခြင်း၊ ဝမ်းကိုက်ခြင်းဝေဒနာများခံစားနေရသည့်အတွက် ထောင်ပိုင်ကြီးမှတဆင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသစစ်ဆေးပေးရန် အကြောင်းကြားခဲ့သဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးဘက်မှ တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးနှင့် ခွဲစိတ်ပါရဂူများအဖွဲ့ က အကျဉ်းထောင်သို့ လာရောက်ကာစစ်ဆေးကုသပေးခဲ့ကြောင်း ဆေးကုသမှုမှတ်တမ်းများကို တရားသူကြီးထံတင်ပြပြီး အာမခံဖြင့်အချုပ်လွှတ်ထုချေခွင့်ပြုရန် ပထမဆုံးအကြိမ်လျောက်ထားတင်ပြခဲ့ဖူးသည်။ လက်ရှိတွင်ဒေါက်တာလဲ့လဲ့မော်၏ ဒုတိယအကြိမ်အာမခံလျောက်ထားမှုကို တိုင်းဒေသကြီး တရားလွှတ်တော်ကထပ်မံပယ်ချခဲ့သောကြောင့် ゞင်းအနေဖြင့်မကျေနပ်ပါက နေပြည်တော်တရားလွှတ်တော်ချုပ်ထံ အထွေထွေအမှုအနေဖြင့် ထပ်မံလျောက်ထားနိုင်သည်ဟု သိရသည်။

လက်ရှိတွင်ဝန်ကြီးချုပ်ဟောင်း ဒေါက်လဲ့လဲ့မော်နှင့်GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးတို့ကို ဇူလိုင်လ ၁ရက်နေ့ မနက် ၉ နာရီ ၄၅ မီနစ်က တိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌၁၇ ကြိမ်မြောက်အဖြစ် ရုံးထုတ်လာခဲ့ပြီး တရားလိုပြသက်သေဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမြင့်ကို ၂ ဖက်ရှေ့ နေများက အပြန်အလှန်စစ်မေးနေဆဲ ဖြစ်သည်။

No comments:

Post a Comment